👬4👬

592 48 1
                                    

Zawgyi

ဘာလိုလိုနဲ့ အချိန်တွေကုန်လာတာ Win တို့စာမေးပွဲတောင် ဖြေရတော့မည်။
ဒီကြားထဲ Dew နဲ့ Tu ကတော့ ချစ်သူတွေဖြစ်သွားကြသည်။

Bright နဲ့ Win ဆက်ဆံရေးကတော့ အင်း
ဒီအတိုင်း လေးပဲရှိနေသေးသည်။
သို့ပေသည့် သူနဲ့ Bright ph ပြောပီးတဲ့ ညကစလို့ Bright အပြုမူတွေက ပြောင်းနေသည်။
တခါတလေ လူရှေ့မရှောင် Win ကိုအူယားလို့ ဆိုပီး ပါးကို ညှစ်လိုက် ခေါင်းက ဆံပင်ကို ဖွလိုက်နဲ့ လူကိုဘာထင်နေသည်မသိ။ဒါ့အပြင်.
Bright က Win ကို အမြဲတမ်း သူ့မူပိုင် ညှို့အားပြင်းတဲ့ မျက်လုံးတွေနဲ့ကြည့်နေမြဲ။ Win ကလည်း Bright အဲလိုကြည့်တိုင်း ရှက်နေမြဲပင်။
Bright သူ့ကို ဘာအတွက်ကြောင့် ညှို့ငင်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်မှန်းလဲသူမသိ။
အခုလည်း Tu က သူတို့ချစ်သူသက်တမ်း ၂လပြည့်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးမည်ဆိုသောကြောင့် သူနဲ့ Love Tu တို့်မေဂျာရှေ့တွင်စောင့်နေခြင်း။
မလိမ်တမ်းဝန်ခံရရဖြင့် Win Tu တို့နဲ့ မလိုက်ချင်ပါ။
ဟိုရောက်ရင် Bright လည်းရှိနေမှာဆိုတော့
"ဟင်း...."
Win သက်ပြင်းအရှည်ကြီးချ၍ Love ကိုကြည့်ပီး
"Love...ငါ အခုမှသတိရတယ်..မား က ဒီနေ့ အိမ်ကိုစောစောပြန်လာဖို့မှာထားတယ်..အဲတာ"
"ဘုတ်"
"အ့"
Tu အတန်းထဲကထွက်လာပီး Win ကျောကို စာအုပ်နဲ့
"ဘာ မှ အပိုတွေလာမပြောနဲ့.ငါ အန်တီ Wary ဆီ Ph ဆက်ပီး နင်ဒီည အပြန်နောက်ကျမယ်လို့ပြောပီးပီ"
Win လည်း Tu စကားကြောင့် စိတ်ရှုပ်ပီး ဆံပင်ကို လက်နဲ့ဖွကာ
"Tu..ငါမလိုက်လို့မရဘူးလားကွာ"
Win Tu ကိုမျက်နာငယ်လေးနဲ့ကြည့်ပီး
"No....မရဘူး "
"Tu..."
"ကဲ ပြောနေကြာတယ်...Love Win ကို ခေါ်ခဲ့"
Love Win လွယ်ထားတဲ့ Cross bag ကို ဆွဲကာ ကားထဲသို့အတင်းဆွဲသွင်းလေသည်။
(ဟူး...တကယ်ပါပဲ ဟိုရောက်ရင် Win Bright ကိုဘယ်လို မျက်နာ ချင်းဆိုင်ရမလဲမသိ။)

"Dew...မင်း Tu ကို Win ကိုပါခေါ်လာဖို့ပြောထားလား"
စားသောက်ဆိုင်တခုရဲ့ VIP အခန်းတခုထဲတွင် ဖင်ငြိမ်ငြိမ်မထိုင်နိုင်ပဲထိုင်လိုက်ထလိုက်နဲ့ အပေါက်ကို ငေးနေရင်း မေးလာတဲ့ Bright

"ငါပြောထားပါတယ်"
တကယ်ပဲ Dew စိတ်တိုလာပီ
ဘေးနားက Nani ကြည့်တော့လည်း ph တလုံးနဲ့အလုပ်ရှုပ်နေသည်။

Bad Boy & MaMa's Boy (Zg+Uni)Where stories live. Discover now