Zawgyi
Bad Boy & MaMa's Boy 👬👬
Win တို့နေ့လည်စာစားပီး အတန်းသို့ပြန်လာကြသည်။
"Win....Win..."
Love သူ့ဘေးထိုင်နေသော Win ကိုခေါ်နေသော်လည်း ပြန်မထူး။
Win ကန်တင်း ကပြန်လာကတည်းက Bright ဆိုသူ အကြောင်းကို စဉ်းစားနေသည်။
သူကဘာလို့ Win ပါးကို ဆွဲရတာလဲ။ပီးတော့သူကရော ဘာလို့ အဲလူရှေ့မှာ ကလေး တယောက် လိုပြူမူလိုက်ရတာလဲ။
"အမလေး.လန့်လိုက်တာ"
အကြောင်းကတော့ Love က Win စားပွဲပေါ်မေးထောက်ပီး ပြူးပြူးကြီးကြည့်နေသောကြောင့် ဖြစ်သည်။
"Love ဘာလို့ အဲလိုကြီးကြည့်နေရတာလဲ"
"အံမယ်...အခုမှလန့်နေ စောစောက Love ခေါ်နေတာကျ မကြားပဲ ဘာတွေတွေးနေမှန်းမသိဘူး"
"Win...စာအကြောင်းတွေးနေလို့ပါ"
"ဟုတ်ရဲ့လား...."
"ဟုတ်ပါတယ်ဆို...Love ကလည်း"
Love Win ပါးလေးကို ဆွဲညှစ်တော့
"Love..."
"အယ်...Win နော် ကန်တင်းမှာ Bright ဆွဲတော့ကျငြိမ်နေပီး..Love ကျ..ဟင်း...Win ဘက်လိုက်တယ်နော်"
"အဲ..အဲတာက ရုတ်တရက်ကြီးဆိုတော့"
"ဟူတ်ပါပီ..Love မစတော့ပါဘူး""Bright...မင်း ခြေလှမ်းတွေသွက်တာကွာ
ငါတောင် အခုထိ Tu ပါးမပြောနဲ့ လက်တောင်မကိုင်ဖူးသေးဘူး"
"မင်းကကြောက်နေတာကိုး..."
"ဒါကတော့ သူစိတ်အနှောင့်အယှက် ဖြစ်မှာဆိုးလို့"
"ဟေ့ကောင်တွေ မင်းတို့ အချစ်အကြောင်း နောက်မှ ဆွေးနွေး အခုတော့ ငါတို့ Condo ပြန်ပီး Game လေးတပွဲလောက်ဆော့ကြရအောင်ပါကွာ"Win ကျောင်းဆင်းတော့ ကျောင်းရှေ့တွင် Win မားမား က လာကြိုနေသည်။
Win သူ့ မား ဆီ ပြေးသွားပီး
"မား...."
"သားလေး ကျောင်းမှာ အဆင်ပြေရဲ့လား"
"ဟူတ် ပြေတယ်.. မား လာကြိုမယ်ဆိုလို့ Win Tu ကို အရင်ပြန်လွှတ်လိုက်တာ"Win တို့ကားလေး ကျောင်းဝင်းထဲက ထွက်သွားလေသည်။
ကားပေါ်တွင်တော့
"Win...သားလေး မား သားအတွက် Suprise ရှိတယ်"
"ဘာလဲ...မားWin သိချင်နေပီ"
"အိမ်ရောက်ရင် သားသိရမှာပေါ့"Win တို့ကားလေး ခြံထဲဝင်တာနဲ့ Win မားကိုတောင်မစောင့်နိုင်။အိမ်ထဲသို့ အမြန်ပြေးဝင်လေသည်။
အိမ် ထဲရောက်တာနဲ့
ဟင်...သူကြိုက်တဲ့ ပုဇွန်ထုပ် ချဉ်စပ်ချက်အနံ့လေး
Win ထမင်းစားခန်းထဲ ဝင်တော့ သူ့ကိုနောက်ကျောပေးပီး ဟင်းချက်နေတဲ့ ဝဖိန့်ဖိန့် အမျိုးသမီး တဦး။
ကျောပေးနေရင်း နောက်လှည့်လာတော့
"ကြီးမေ..."
Win ထိုအမျိုးသမီးကို ပြေးဖက်လေသည်။
"Win...ကြီးမေကိုလွမ်းနေတာ"
"ကြီးမေလည်း Win လေးကိုလွမ်းနေတာပါကွယ်"
Win ကြီးကြီး ကိုဖက်နေရာမှ လွှတ်လိုက်ပီး
"Win လေးက ပိုချောလာတာပဲ"
"ကြီးမေ ရော"