Zawgyi
Win လက်က Bright နဲ့ဆင်တူ လက်ပတ်ကလေးကိုကိုင်ကာ သက်ပြင်းတွေချနေသည်။
Win တို့ကျောင်းမပီးသေးပေမယ့် ပရဟိတဆေးရုံတွေမှာ အလုပ်သင်ဆင်းပေးရသည်။
Bright နဲ့တောင် အခုတလော သေချာမတွေ့ဖြစ်။
Win တို့က တော်သေးသည်။ Tu ဆိုလျှင် ညညည်းလို့ကိုမပီး။ သွားဆရာဝန်ဆိုတော့ အများဆုံး လာပြသူက ကလေးတွေဆိုတော့ ငိုတဲ့သူကငို ဂျီတဲ့သူကဂျီနဲ့ Tu တော်တော် ကို စိတ်ပင်ပန်းနေတဲ့ပုံ။ Win နဲ့ love ကတော့ ပင်ပန်းပေမဲ့ Tu လို နားမပူတော့တော်သေးသည်။"Win ရေ အဆင်သင့်ဖြစ်ရင် သွားရအောင်"
Love စကားသံကြောင့် Win ကိုယ့်ကိုယ်ကို
Fighting လို့အားပေးရင်း ထွက်လာခဲ့သည်။Win တို့အခု လူကြီးတွေကို စမ်းသပ်ပေးနေသည်။ Win ပင်ပန်းပေမဲ့ ကိုယ်တတ်ထားတဲ့ ပညာနဲ့ လူတွေကို ကယ်တင်ပေးရတာ ပျော်သည်။
Win စမ်းသပ်ပေးအပီး ခုံပေါ်က အထ ခေါင်းထဲကမိုက်ခနဲ့ဖြစ်သွားသည်။
"အ့"
ခုံကို အားပြုရင်း ရပ်နေရာက အနားကို love ရောက်လာပီး
"Win. နင်ကြည့်ရတာ ဖြူဖပ်နေတာပဲ နေမကောင်းဘူးလား"
ဘေးနားက သူငယ်ချင်း ဖြစ်သူ ဆရာဝန်မလေးကတော့ စိတ်ပူနေဇောနဲ့ ပြောနေသည်။
"ငါ...ခေါင်းထဲကမိုက်ခနဲဖြစ်သွားလို့"
"လာလာ ခဏနားလိုက်ဦး ငါဆက်လုပ်လိုက်မယ် အခုတလော နင့်ကိုကြည့်ရတာ အားကိုမရဘူး"
Love Win ကိုယ်လေးကိုတွဲပီး နားနေခန်းကိုလိုက်ပို့ပီး
"ဒီမှာ..ဆရာ နားနေဦးနော် ဘာမှမတွေးနဲ့ ဟုတ်ပီလား "
"နင်တယောက်ထဲဖြစ်ပါ့မလား"
"ဘယ်နှယောက်မှ မကျန်တော့ပါဘူး ငါ အိုကေတယ် နင်သာ ဂရုစိုက် မျက်နှာက ဖြူဖပ်ဖြူလျော်နဲ့"
"ငါ အခုတလော စာတွေ ညဥ့်နက်တဲ့အထိလုပ်မိလို့ဖြစ်မယ်"
"ငါ သွားပီ ဂရုစိုက်"
Win အခန်းထဲက ထွက်သွားသော love နောက်ကျောပြင်ကိုကြည့်ပီး
သူအခုတလော အစားလည်းသိပ်မဝင်။ညဆိုရင်လည်း အိပ်လို့မပျော်။ခေါင်းတွေလည်းခဏခဏမူးနေသည်။ မောင့် ကိုတော့မပြောဖြစ်ပါ။
နှာစေးတာလေးတောင် သဲသဲလှုပ်နေတာ ။အခုလိုဆိုရင် တော့ Wachirawat ကြီး ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရလားဆိုပီး ဆူနေမှာအသေချာ။
"Ting"(msg ring)
"ကိုယ့် ယုန်လုံးလေး ပင်ပန်းနေပီလား အပြန်ကိုယ်လာကြိုမယ်နော်"
Win Bright ပို့လိုက်သော msg လေးကိုဖတ်ကာ နှုတ်ခမ်းတွေက အပေါ်ကိုကွေးတက်သွားသည်။