Zawgyi
ဒီနေ့က Junior Bright လေး ဆေးရုံကဆင်းကာ အိမ်ပြန်မဲ့နေ့ဖြစ်သည်။Bright ကတော့ သိမ်းစရာရှိတာတွေသိမ်းနေပီး Win ကတော့ မီးလေးကို ချီထားကာ ခုတင်ပေါ်တွင်ထိုင်ပီး Bright လုပ်သမျှကိုကြည့်နေသည်။
"မောင်...အလုပ်သမားတွေခေါ်တာမဟုတ်ဘူး"
"ရပါတယ်...အချစ်ရဲ့"
"မောင် ပင်ပန်းမှာဆိုးလို့"
"မောင်က ချစ်နဲ့ သမီးလေးမျက်နှာမြင်ရုံနဲ့ အမောတွေပြေနေပီ""စကားတွေသိပ်တတ်"
"အချစ်လာအထုပ်တွေသိမ်းပီးပီ"
Bright လက်တဖက်က အထုပ်ကိုဆွဲထားပီး တဖက်က Win ကိုယ်လေးကို သိုင်းဖက်ကာ Car parking သို့ဆင်းလာသည်။
"အချစ် သမီးလေးကို မောင့်ပေးထား"
Bright Win ကိုအရင် Lover seat တွင်ထိုင်စေပီး သူက မီးလေးကိုချီထားကာ ပီးမှ ကလေးကို Win ဆီ ပေးပီး သူပါ Driver Seat တွင်နေရာယူပီး အိမ်လေးသို့ပြန်လာသည်။"မောင်ရေ မောင့်သမီးက အိပ်ပုတ်လေး..အိပ်နေတာ ကြည့်ဦး ဟီး ပါးစပ်လေးကဟလို့"
"မောင်ဆို အခုထိ သမီးလေးကိုချီရင် သတိထားရတယ် အသဲယားပီး ဆွဲညှစ်မိမာဆိုးလို့"
"ငါရောဘာထူးလဲ...ဆွဲညှစ်ပစ်ချင်တာ မတရားပဲ"
ကားလေးထဲက ဖေဖေနှစ်ယောက် ကတော့ နီတာရဲ ပေါက်စလေးကို အသဲတွေယားနေသည်။အိပ်ပုတ်လေးကတော့ ဆေးရုံထဲက ကားထွက်လာကတည်းက အိပ်တာ အခု ခြံထဲဝင်သည့်အထိ လက်မလေးစုပ်ကာ အိပ်နေတုန်း။
"ငါ့မြေးလေး ရောက်ပီဟေ့"
ဒေါ် Mary တယောက် အိမ်ထဲကထွက်လာပီးကားတံခါးဖွင့်ကာ Win လက်ထဲက အိပ်ပျော်နေသော မြေးမလေးကို ပွေ့ယူသည်။
"မား မြေးကလေ တလမ်းလုံး အိပ်လာတာ အခုထိမနိုးသေးဘူး တကယ့်အိပ်ပုတ်လေး"
"သား Bright ကားမောင်းလာရတာ ပင်ပန်း နေရောပေါ့"
"မား အခန်း ရောပြင်ပီးပီလား"
"ပြင်ပီးပါပီတော် မနက်ကတည်းက သားတို့ပြောထားတဲ့အတိုင်း လုပ်နေတယ်"
"ဟုတ်...ဒါဆို သားတို့ အပေါ်တက်လိုက်ဦးမယ်"Bright အခန်းတံခါးဖွင့်လိုက်တော့
"Wow....မောင့်စိတ်ကူးထဲကအတိုင်းပဲ ချစ်ရောသဘောကျလား"