Zawgyi
ဒီနေ့ Bright နဲ့ Win တို့လက်ထပ်ပွဲနေ့လေးပင်ဖြစ်သည်။
အခန်း လေးတခန်းထဲတွင် တယောက် နဲ့တယောက် မြတ်နိုးမှုတွေနဲ့ကြည့်နေကြသော ကောင်လေးနှစ်ယောက် ။Bright က ရွှေအိုရောင် လေးဝတ်ထားပီး Win က နို့နှစ်ရောင် Suit လေးဝတ်ထားသည်။
"မောင်...သိလား ငါ အရမ်းပျော်တာပဲ "
"မောင်လည်း ထပ်တူပါပဲ"
"မောင်ရယ် Win ရယ် ကလေးလေးရယ် မခွဲအတူတူနေကြမယ်နော်"
Win Bright လက်လေးကို ဖက်တွယ်ပီး ပျော်ရွှင်နေသည်။
Bright ကတော့ ဒီ လက်ထပ်ပွဲပီး ပိုင်ရှင်နောက်ပြန်ထည့်ပေးလိုက်ရမဲ့ အကြောင်းကိုတွေးပီး မျက်ရည်များကျလာသည်။
"မောင် ဘာလို့ ငိုနေတာလဲ"
"ပျော်လို့..."
"မောင်ရာ ကလေးလေးကျနေတာပဲ""ကဲ ဒီလင်လင်တွေ love scene ရိုက်နေတာလေးရပ်ဦး"
Love တို့ရောက်လာပီး ပိုရန်ကောဆိုသည့်အကြည့်နဲ့ Bright ကိုကြည့်နေသည်။
"အပြင်မှာ လူတွေဆုံသလောက်ရှိနေပီ အဆင်သင့် ဖြစ်ရင်သွားရအောင်"
Love က ပန်းကြဲပီး Dew နဲ့ Tu ကတော့ သတို့သားသတို့သမီးအရံ အဖြစ် ခန်းမထဲဝင်လာသည်။
Bright ကတော့ ခန်းမအဆုံးမှာ ရပ်နေပီး ယုန်ပေါက်လေးကိုရပ်စောင့်နေသည်။
Nani က အခမ်းနားမှူးနေရာကတာဝန်ယူပီး
"သတို့သား ခန်းမထဲကို လျှောက်လှမ်းလာပါပီ "
Win လက်မောင်းလေးကို Bright ဒယ်ဒီ က တွဲချိတ်ကာ ခန်းမထဲဝင်လာသည်။
Bright ကတော့ သူ့ဆီ တဖြေးဖြေး လျှောက်လှမ်းလာသော ချစ်ရသူ လေးကို ပြုံးကာ ကြည့်နေသည်။
ဒီအချိန်တွေကိုရပ်တန့်လို့ရရင်ရပ်ထားချင်ပါဘိ။ သူ့ရှေ့က နတ်သားလေးကို ဘယ်သူမှ မရှိတဲ့ နေရာကို ခေါ်ပီး နှစ်ယောက် ထဲထွက်သွားချင်မိသည်။
(မင်္ဂလာဆောင်တာကို အသေးစိတ်မရေးတော့ဘူးနော် မီ မဆောင်ဘူးလို့ ✌✌)