Zawgyi
Bright အချစ်ဆီ ph ခေါ်ချင်သော်လည်း အခုချိန်ဟာ ချစ် လေယာဉ်စီးနေမည်ဖြစ်တာကြောင့် ညမှ ph ခေါ်ရန် ပြင်လိုက်သည်။
Bright အခုတော့ သူ့ရဲ့ နိဗ္ဗာန်ဘုံ မွေ့ယာပေါ်လှဲကာ တဖန် အိပ်စက်ခြင်းဆီသို့ ။"သား...Win မား တို့ အရင်နေခဲ့တဲ့ အိမ်မှာပဲ နေမှာ သား.အဆင်ပြေတယ်မလား"
"Win အဆင်ပြေပါတယ် "
Win တို့်အခု ကားနဲ့ အရင်က နေခဲ့ဖူးတဲ့ အိမ်ကို သွားနေခြင်းဖြစ်သည်။
Win အိမ်ကို သွားနေတဲ့ တလျောက်လုံး မောင့် အကြောင်းကိုပဲတွေးနေသည်။
"သား...နေမကောင်းဘူးလား"
Win မျက်နှာမကောင်းတာကို မား မြင်သွားတာကြောင့် မေးလေသည်။
"Win ခရီးပန်းလို့ပါ"
"မေ့သားလေး အိမ်ရောက်မှ အနားယူနော်"
Win မားရဲ့ ရင်ခွင်ကြီးထဲကို တိုးဝင်လိုက်သည်။Win တို့အရင်က နေခဲ့တဲ့ အိမ်လေးရောက်တော့
"မား...Win ဒီအိမ်လေးကိုအရမ်းလွမ်းနေတာ"
အိမ်လေးက တထပ်အိမ်လေးဖြစ်ပီး ခြံဝန်းလေးနဲ့ ဖြစ်သောကြောင့် ခြံထဲတွင် ပန်းပင်လေးတွေစိုက်ထားသည်။
ဆာကူရာ ပန်းလေးတွေတောင်ပွင့်နေသည်။
တနှစ်ကြာသွားတာတောင် ဘာမှ မပြောင်းလဲသွား။
Win လေကို တဝကြီးရှူလိုက်ပီး
"မား...Win ဘကြီးပီတို့်ကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်"
"သား ခရီးပန်းနေတယ်ဆို"
"ခဏပါ မားရဲ့ မကြာပါဘူး"
ဘကြီးပီ ဆိုတာ Win တို့ပြောင်းလာကတည်းက
Win တို့နဲ့ မိသားစုတွေလို ရင်းနှီးသူတွေဖြစ်သည်။
ကိုယ့် ထိုင်းလူမျိုး အချင်းချင်း ဆိုတော့ ပို ခင်မင်လွယ်သည်။
Win ဂျပန် ကနေ ထိုင်း ကို ပြောင်းတုန်းကဆို
ဘကြီး ပီ တို့လင်မယား ငိုကြသေးသည်။
Win မား အလုပ်သွားတိုင်း Win က ဘကြီး ပီ တို့ အိမ်မှာ နေပီး ဘကြီး တို့ကပဲ Win ကို စောင့်ရှောက်ပေးသည်။Win ခြံတံခါးလေးကိုဖွင့်ကာ အိမ်ထဲဝင်သွားပီး
"ဘပီ....ဘွားစီ..."
"သား Win လေး ..ဘယ်လိုလုပ်"
"မား အလုပ် ကိစ္စ နဲ့လေ ပီးတော့ Win လည်း စာမေးပွဲ ပီးတာနဲ့ "
"ကြည့်ပါဦးကွယ် Win လေး ချောလာလိုက်တာ ဘပီ ဖြင့်မှတ်တောင်မမိဘူး သား ရဲ့ ယုန်သွားလေး မြင်ကာမှပဲသိတယ်"Win လည်း ဘပီ တို့ ဆီမှ ပြန်လာပီး သူနေခဲ့တဲ့ အခန်းလေးဆီသို့ ဝင်လာကာ ပြတင်းပေါက် နားက ခုံလေးတွင်ထိုင်ကာ ကောင်းကင်ကြီးကိုငေးကြည့်နေသည်။
Win လက်က နာရီ ကြည့်တော့ အချိန် အားဖြင့်
ညနေ 6 နာရီ ။
ထိုင်း နိုင်ငံနဲ့ ဂျပန် နိုင်ငံ အချိန်အားဖြင့် ၂နာရီ ကွာခြားတာကြောင့် မောင်အခုချိန်ဆို ဘာလုပ် နေမလဲ။