👬21👬

568 37 0
                                    

Zawgyi

"ပါပါး..."
မူကြိုကျောင်းရှေ့မှာရပ်ထားတဲ့ ကားကို မှီကာ ရပ်နေတဲ့ Bright နဲ့ Win ကိုမြင်တော့
ကြက်တောင်စီးလေးနှစ်ဖက် ခါရမ်းနေအောင် ပြေးလာတဲ့ Prim လေး
"ဖြေးဖြေး လာပါ မီးလေး ရယ် ချော်လဲနေကာမှ"
"ဟီး....ပါပါးကိုလွမ်းနေတာ "
"ဒယ်ဒီ့ကိုမလွမ်းဘူးပေါ့"
Bright လက်ကိုဆွဲပီး ခုန်ကာ
"ဒယ်ဒယ် ကိုလည်းလွမ်းနာပေါ့"
"ကဲကဲ ဒီသားအဖတွေ အလွမ်းသယ်တာရပ်တော့ အိမ်ပြန်ကြမယ်"

Bright နဲ့ Win. မီးလေးကို လက်တဖက်စီကဆွဲကာ ကားထဲသို့ဝင်ကြသည်။
ကားနောက်ခန်းကနေ ထိုင်နေတဲ့ Prim ဆီမှ
"ဒယ်ဒယ် မီးသူငယ်ချင်း View ကလေ သူအမဖြစ်တော့မှာတဲ့ အဲတာဘာပြောတာလဲဟင်"
"ဟင်း...ဟင်း အဲတာ သူ့ရဲ့ မေမေက သူ့အတွက် ကလေးသေးသေးလေးတယောက်မွေးပေးတာကိုပြောတာ"
Bright ပြောရင်း ရုပ်ကပြုံးစိစိနဲ့ Win ဘက်လှည့်ကာ လက်တဖက်က Win ပေါင်ပေါ်တင်ပီး
"မောင်ပြေတာမှန်တယ်မလား"
ပြောရင်း Wink တချက်ပါလုပ်ပြတော့
"ဟုတ်...ဟုတ်တယ် "
Win ယောင်မှားမှားဖြစ်ကာ စကားတွေပါ ထစ်ကုန်သည်။ မောင်ဟာလေ ဘယ်လိုဖြစ်နေမှန်းမသိဘူး။Bright ကတော့ Win ဖြစ်ပုံကိုကြည့်ကာ သဘောတွေကျနေသည်။
နောက်က မီးလေးကတော့ ကားအပြင်ဘက်ကြည့်ကာ ဘာတွေသဘောကျသည်မသိ ရယ်နေသည်။

"မီးလေး ရေချိုးသန့်စင်ထားပီး အဝတ်စားလဲထားနော် "
"Yes Sir"
Prim အလေးပြုသည့်ပုံစံလေးလုပ်ကာ သူ့အခန်းထဲသို့သူဝင်သွားသည်။
Win လည်း အပေါ်သို့တက်လာသည်။ မောင်ကတော့ နောက်မှာကျန်ခဲ့သည်။
Win အခန်းတံခါး ပိတ်ရန်လုပ်တော့ Bright တံခါးကို သူ့လက်နဲ့ ဆွဲကာ အခန်းထဲဝင်ပီး
Win ကိုယ်လုံးလေးကို ခုတင်ပေါ်သို့ပစ်ချလိုက်ပီး အပေါ်ကအုပ်မိုးကာ လက်တွေက Win မျက်နှာပေါ် အနှံ့ ဆော့ကစားနေပီး နှုတ်ခမ်းဖူးဖူးလေးနားအရောက်တွင် ရပ်တန့်လိုက်ပီး
"ဟောဒီ နှုတ်ခမ်းဖူးလေးက မောင့်ကို အသဲယားစေတာ အဲတာ ချစ်သိလား"
"မသိပါ..ဘူး"
Win အောက်ကနေရင်တွေ ခုန်နေသည်။မောင့်မျက်လုံးတွေကို မကြည့်ရဲ... ရှောင်ဖယ်နေမိသည်။
"တကယ် မသိတာလား"
"ဖယ်ပါ မောင်ရာ ညစာပြင်ရဦးမှာ"
"မောင်အခုညစာ စားမလို့လေ..."
Win မျက်လုံးလေးတွေပြူးကာ နားရွက်ဖျားလေးတွေနီလာပီး
"မီးလေး ဗိုက်ဆာနေတော့မှာ ...မောင် အပေါ်ကဖယ်ပေးကွာ"
Bright မဖယ်ပေး ညှို့အားပြင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပီး
"မောင်တို့လည်း မီးလေး အတွက် မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် တယောက် လောက်မွေးပေးရအောင်လေ... နော် "
Bright Win ကို ကလေးပူဆာသလိုပူဆာနေပီး မျက်နှာငယ်လေးနဲ့ ကြည့်နေသည်။ မသိရင်ပဲ ကိုယ်က သူ့အပေါ် အနိုင်ကျင့်နေသလို တကယ်တမ်း အနိုင်ကျင့်ခံရသူက Metawin ရယ်ပါ......."
"ပါပါး...ဒယ်ဒယ်"
"မောင်ဖယ်တော့ သမီးခေါ်နေပီ"
Bright ထိုအခါမှ Win ကိုယ်ပေါ်ကထလိုက်ပီး
"အချစ်...မောင်ပြောတာစဉ်းစားထားနော်"
ရေချိုးခန်းထဲမဝင်ခင် စကားနဲ့ အသားယူသွားလိုက်သေးတာ...
Win လည်း အဝတ်စားလဲကာ ညစာပြင်ဖို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။

Bad Boy & MaMa's Boy (Zg+Uni)Hikayelerin yaşadığı yer. Şimdi keşfedin