👬15👬

576 41 2
                                    

Zawgyi

Win တို့အိမ်တံခါးရှေ့မှာ တယောက်လက်တယောက်တွဲထားရင်း တယောက်ကိုတယောက်အားပေးပီး
"အခုကစပီး..ရှေ့ဆက်ရမယ့် စက့န့်တိုင်းမှာ အချစ်နဲ့အတူတူရင်ဆိုင်သွားမှာပါ ပီးတော့ မောင့်ကိုယုံပေးပါ ကလေးလေးအတွက် အဖေကောင်းတယောက် အချစ် အတွက် ခင်ပွန်းကောင်း တယောက် ဖြစ်အောင် မောင်ကြိုးစားမှာပါ"
"Win မောင့်ကိုယုံပါတယ်"
Win တို့ခြံတံခါးလေးကိုဖွင့်ပီး နှစ်ယောက် သားလက်ချင်းတွဲလျက်ဝင်လာကြသည်။
"Win လေး ဒီနေ့နောက်ကျတယ်နော်"
Win အမေဖြစ်သူ တံခါးဖွင့်သံကြားတာကြောင့်
ထွက်လာတဲ့ Win အမေရဲ့အမေးဟာ သူတို့နှစ်ယောက် တွဲထားတဲ့ လက်ကိုမြင်သောအခါ
"Win..."
"မား..."
"သားငယ် မားရင်ကိုခွဲဖို့တော့မဟုတ်ဘူးမလား"
Win အမေရဲ့ စကားသံတွေက တုန်ရီလျက်
"မား Win မှာ ကလေးလေး ရှိနေပီ"
"သားWin"
ဒေါ် Mary လက်တွေဟာ လေပေါ်မြှောက်သွားပီး Win ကိုယ်လုံးလေးကလည်း Brightရင်ခွင်ထဲရောက်နေသည်။
ရုတ်တရက် Bright ဒူးထောက်ချလိုက်ပီး
"ကျွန်တော် တောင်းပန်ပါတယ် အန်တီ အားလုံး ကျွန်တော့် အမှားတွေပါ "
Win လည်း Bright ဘေးနားဒူးထောက်ချပီး
"သား တောင်းပန်ပါတယ် မား Win ..Win
Bright ကို Winထပ်ချစ်မိသွားလို့ပါ"
Win မား Win စကားကြောင့် မတ်တပ်ရပ်နေရာက အောက်ကို ထိုင်ချသွားပီး ရင်ဘတ်ကို ထုလျက်
"မား...သားကိုပြုစုလာတာ ဒီလို မားရင်ကိုခွဲဖို့လား ဒီလိုတွေဖြစ်မှာဆိုးလို့.... မား မားကလေ အင့်..."
Win လည်း Bright ရင်ခွင်ထဲကနေ ရှိုက်ကြီးတငင်ငိုနေသည်။
ထိုအချိန် အပြင်ကပြန်ရောက်လာသော ကြီးမေက
"ဒါဘာတွေ ဖြစ်နေကြတာလဲ"
"မမ ကျွန်မရင်တွေ ကွဲပါပီ"
ဒေါ် Wary ညီမဖြစ်သူကို ထွေးပွေ့ထားပီး
တကယ်ဆို သူမှားခဲ့တာ အခြေနေတွေကို ရိပ်မိနေပါလျက်နဲ့ သူ ဘာမှမဖြစ်သလိုနေခဲ့တာ
"ကြီးမေ သား တောင်းပန်ပါတယ် "
"ထွက်သွား ငါ့ရင်ကိုခွဲမယ်ဆိုရင်ထွက်သွား"
"မား.."
"ကြီးမေ မားကိုဂရုစိုက်ပေးပါနော်"
Win Bright လက်ကိုဆွဲကာ အိမ်ထဲကနေထွက်လာခဲ့သည်။
သား ကိုခွင့်လွှတ်ပါ မား....
Win တို့ထွက်သွားတော့ Win အမေ
"မမရေ ကျွန်မသားလေးက သူ့ထပ်ချစ်ရမဲ့သူရှိနေပီတဲ့...ကျွန်မ ကျွန်မလေ ဒီလိုတွေဖြစ်မှာဆိုးလို့ သားလေးကို သေချာ ပျိုးထောင်ခဲ့ပေမဲ့ ဘယ်နေရာတွေက မှားသွားခဲ့တာလဲ
သားလေးကလေ သူပြောနေကျ သူဆရာဝန်ကြီးဖြစ်ရင်..ဟင့် မားကို ဘာအလုပ်မှမလုပ်ခိုင်းတော့ပဲ သူက လုပ်ကျွေးမယ်လို့ တဖွဖွပြောနေတဲ့ သားကလေ အခုတော့ သူ့မှာ ကလေးလေးရှိနေပီတဲ့လား"
သူ့ရင်ခွင်ထဲ ငိုနေရင်း ပြောနေတဲ့ ညီမဖြစ်သူ ကိုကြည့်ကာ မျက်ရည်တွေကျနေသည်။

Bad Boy & MaMa's Boy (Zg+Uni)Wo Geschichten leben. Entdecke jetzt