Zawgyi
Bad Boy & MaMa's Boy 👬👬
"Win ဒါ Win တို့မေဂျာပဲ ခဏနော် Tu သူငယ်ချင်း ကိုဖုန်းဆက်လိုက်ဦးမယ်"
Win မေဂျာရှေ့တွင် ရပ်ရင်း ဟိုကြည့်ဒီကြည့် ကြည့်မိတော့
သူ....မနက်က Win ကို စိုက်ကြည့်နေတဲ့ ကိုယ်တော်
သူကတော့ Win ကိုမြင်မသွားလို့တော်သေးရဲ့
ထိုအချိန် ကောင်မလေးတယောက်ရောက်လာသည်။
"love...ဒါက ငါ့သူငယ်ချင်း Win တဲ့ "
love Win ဘက်ကိုလှည့်ကာ အပြုံးလေးဖြင့်
"Hi..Win ငါက Loveပါ Tu ကိုခင်သလို Love ကိုလည်းခင်လို့ရပါတယ်"
"ဟူတ်...Win ကိုလည်း Tu ခင်သလိုခင်နိုင်ပါတယ်"
"ကဲ..ဒါဆို Win ရေ Tu လည်းသွားတော့မယ် နေ့လည်စာ စားချိန်ကျ Tu လာခေါ်မယ်နော်"Tu ထွက်သွားတော့
"လာလေ Win Love တို့လည်း အခန်းထဲဝင်ရအောင်"
Win တို့အတန်းထဲရောက်တော့
ပြတင်းပေါက် နားက ခုံလေးမှာ Love နဲ့အတူထိုင်လိုက်သည်။
"Win...ကျောင်းဖွင့်တာ တလလောက် ပဲရှိသေးတော့ စာတွေကသိပ်မရောက်သေးပါဘူး Win နားမလည်တာရှိရင် Love ကိုမေးနော်"
"ကျေးဇူးနော်.. Love "
Win လက်အုပ်ကလေးချီကာ ခေါင်းလေးငုံ့ကာ ပြောတော့
"အား...Win ကအရမ်းချစ်ဖို့ကောင်းတာပဲ"
"Love..."
""အာ..Win ကလည်း Love က သားတယောက်လို Win ကိုချစ်တာပါ"
"ဟင်...သားတယောက်လို "
Win ခေါင်းလေးကို ကူတ်ကာ စဉ်းစားနေသည်။
Love ကတော့ Win အမူအယာ လေးကိုကြည့်ကာ အူယားနေလေသည်။'"ဟေ့ကောင် Bright ငါတို့ အတန်းလစ်ပီး club သွားရအောင်"
"No ငါဒီနေ့ အတန်းတက်ဖို့ ဆုံးဖြတ်ထားတယ်"
Nani တယောက် Bright စကားကို မယုံနိုင်။
ဘာတဲ့ ဒီနေ့ အတန်းတက်ဖို့တဲ့။ နားရှိလို့သာကြားရတယ်။
"မင်းထဖောက်တာလဲ Bright အရင်က ဆို club သွားဖို့ မင်းပဲစပြောတာ "
"အခု ငါသွားချင်စိတ်မရှိလို့ ပီးတော့...ငါ ငါ "
"ငါ ဘာဆက်ဖြစ်လဲ ပြောလေ"
"ငါ မသိဘူး ငါ ယုန်ပေါက် လေးကို မြင်ကတည်းက ငါ စိတ်တွေ ရှုပ်ထွေးနေတာငါ့ ကိုယ်ငါတောင် ဘာဖြစ်နေလဲမသိဘူး"
"မင်း အချစ်ကို ခံစားမိသွားတာပါ"
တချိန်လုံး စကားဝိုင်းထဲမပါတဲ့ Dew က ဝင်ပြောလေသည်။
"မင်း အခုတော့ ကိုယ်ချင်းစာတတ်ပီမလား"
"ဒါဆို..ငါ သူ့ကို တကယ်ချစ်မိသွားတာပေါ့နော်"
"ဟေ့...ငါ့ရှေ့မှာ အချစ်ဆရာကြီး နှစ်ယောက် ရောက်နေပါလားဟေ့"
" Nani မင်းလည်းအချစ်နဲ့ မတွေ့သေးလို့ပါကွာ "
"အေး ငါကတော့ မတွေ့ချင်သေးဘူး "
"ဒါနဲ့ ငါ သူ့နာမည်လေးကိုတောင် မသိဘူး"
"မင်းစိတ်မပူနဲ့..ငါကိစ္စ ထား Tu ကိုငါမေးပေးမယ်"
"ဒါနဲ့..မင်းနဲ့ Tu အခြေနေရော "
"စဉ်းစား ဦးမယ်တဲ့ကွာ.. သူ့မျက်လုံးမှာ ငါ့ကိုချစ်နေတာမြင်နေရတယ် အဲတာကို ဘာတွေစဉ်းစားနေတယ်မသိဘူး"
"ကဲ အချစ်ကြောင်း တွေ နောက်မှပြောတော့ ဖေ့သားတွေ အတန်းသွားတက်မယ်"
Nani လက်တဖက်ဆီက Bright နဲ့ Dew ကို ဖက်ကာ အတန်းတက်ရန်ချီတက်လာခဲ့သည်။
တကယ်တော့ ဒီနေ့ဟာ Bright တို့သုံးယောက် အတွက် ပထမဆုံး အတန်းတက်တဲ့နေ့ ဆို ရင် ယုံကြမလား။