Zawgyi
"မောင်...စာတွေရောရပီလား"
ဒီနေ့ က Bright ရဲ့ စာမေးပွဲ နောက်ဆုံးနေ့ပင်။
Win မောင် ကျောင်းမသွားခင် မှာစရာရှိတာတွေသေချာမှာနေသည်။ အခုဆိုရင် Bright ကကျောင်းပီးတော့မည်...Win ကတော့ ဆေးခွင့်တင်ထားပီး အိမ်မှာပဲနေသည်။
Win ဗိုက်ကလေးတောင် ငားလထဲရောက်နေပီ။Win ပုံစံ လေးက အခုဆိုရင် ဗိုက်လေးက ဆူထွက်နေပီး Bright ဝတ်ပေးထားတဲ့ Hoodie ခရမ်းရာင်လေးနဲ့ ချည်ဘောင်းဘီ အသားရောင်လေးကိုဝတ်ထားတာ ဝါဂွမ်းလုံးလေးလို အသဲယားစရာအတိ။
#pic crd"အချစ်...ဘာစားချင်လဲ"
"ဘာစားချင်ပါဘူး...ငါလေအခုတလော ဘာမှကိုမစားချင်တာ"
"အင်းပါ အချစ် တခုခုစားချင်ရင်မောင့်ကို Ph ဆက်လိုက်နော်"အခုဆိုရင် အိမ်မှာ Win နဲ့ ကြီးမေ နှစ်ယောက်သာ ကျန်ခဲ့သည်။ မားကလည်း အလုပ်သွားပီဖြစ်သည်။ မား နဲ့ မောင့် ဆက်ဆံရေးကတော့ နည်းနည်းကောင်းလာစပြုလာပီလို့ပြောရမည်။ အချို့ညတွေဆို မား Win အခန်းထဲကို မလာပဲ သူ့ရဲ့ အခန်းထဲကိုသာ ပြန်အိပ်သည်။ အဲလိုညတွေဆိုရင် မောင်က Win နဲ့ အတူလာအိပ်သည်။
Win အိမ်ထဲကို ဝင်တော့ ကြီးမေက
"သားလေး Win Bright ကျောင်းသွားပီလား"
"သွားပီ ကြီးမေရဲ့..ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့လေ"
"ဒါဆို ကြီးမေ မီးဖိုထဲမှာ ရှိနေမယ်နော် သားလိုချင်တာရှိရင် ကြီးမေကိုပြော"
"ဟုတ် ကြီးမေ"
Win လှေကားတွေပေါ်.ပြေးတက်သွားလေသည်။
"အော်.ဒီကလေးနှယ်.ဖြေးဖြေး မသွားဘူး"