Zawgyi
"မောနင်း.. မား နဲ့ကြီးမေ"
Win မားရဲ့ ပါးတဖက်ကို မွှေးကြူကာ ထိုင်ခုံတွင်ဝင်ထိုင်သည်။
"သား..Win ကတော့နော် ဒီအရွယ်ကြီးရောက်ပီး အခုထိ သူ့အမေ ပါးကိုနမ်းတုန်း"
"ဟာ...ကြီးမေကလည်း Win ကလေးပဲရှိပါသေးတယ်နော်"
"ထား လိုက်..မမရေ အခုချိန်သာ ညီမလေးပါးကို မွှေးတာ နောက် သူချစ်ရသူတွေ့ရင် ကျွန်မ ကို မွှေးမှာတောင်မဟုတ်တော့ဘူး"
"ဟာ...မားကလည်း"
"မဟုတ်ဘူးလားပြော"
"Win..ကမားကို..အဂျစ်တုံးပါနော်"
Win နွားနို့သောက်ရင်းပြောဗလုံးဗထွေးပြောသည်။
"ကြည့် ကြည့်..မမရေ ပြောတာတွေတောင်မပီချင်တော့ဘူး"
"မား...."
Win အမေဖြစ်သူကို မျက်စောင်းလေးထိုးတော့
"မား...သားလေးကစိတ်ဆိုးတာလား..မားကစတာပါကွယ် မား ဘဝမှာ သားကအချစ်ဆုံး"
Win ထိုင်ခုံပေါ်ကနေ မားဖြစ်သူ ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ကာ ချွဲလေသည်။
"မနက်စောစော သားအမိနှစ်ယောက် Drama.ရိုက်တာကို ကြည့်နေရတယ်""Win..ကကြီးမေကိုလည်းချစ်ပါတယ်နော်"
"ဟုတ်ပါပီ..ကလေးရယ်"
"Win..မား အလုပ်သွားရင်း ကျောင်းတခါထဲဝင်ပို့ပေးမယ်..သားစာမေးပွဲနီးပီနော်.."
"ဟုတ်တယ် မား အခုလည်း ကျောင်းကတက်ရာမလိုပါဘူး Win စာကြည့်တိုက် မှာ ရှာစရာလေးရှိလို့"
"ပြန်ရင်ရော"
"Tu လိုက်ပို့ခိုင်းမယ် ရတယ်""အာ..Win ကလည်းဒီနေ့မှ နောက်ကျလိုက်တာ "
Bright လက်မှာပတ်ထားတဲ့ နာရီကိုကြည့်ကာ ငြီးငြူမိသည်။
Dew က Tu နဲ့ချိန်းထားလို့တဲ့။ Nani ကတော့ ကျောင်းကိုမလာတာ။အခုတော့သူတယောက်တည်း ဆေးမေဂျာ အဆောက်အဦးမှာ ယောင်လည်လည်။"Win...မားသွားပီနော်"
"ဟုတ်...မား Bye Bye"
ဟော...လာပါပီ သူ့ရဲ့အကောင်ပေါက်လေး
ဖက်ဖူးစိမ်းရောင် ဆွယ်တာလေးကို အောက်က Jean pean လေးနဲ့တွဲဝတ်ထားသည်။
ရေပြာအိုင်လေးလိုကြည်လင်တောက်ပနေတဲ့ မျက်ဝန်းအိမ်လေးပေါ်မှာ မျက်မှန်လေးတလက်ကနေရာယူထားသည်။
ကားပေါ်က လူကို ဘာတွေပြောနေသည်မသိ ယုန်သွားလေးနှစ်ချောင်းတည်နေရာ နှုတ်ခမ်းဖူးဖူးလေးက စကားပြောရင်း စူစူသွားသေးတာ။တာ့တာ့ တွေရော Fly Kiss တွေပါလုပ်ုပနေသေးတာ..Win..မင်းက ကလေးလေးလားကွာ