Zawgyi
ဘာလိုလိုနဲ့ Win တို့်နောက်ဆုံးစာမေးပွဲရက်ကိုရောက်လာပီ။ ဒီနေ့ ဖြေပီးတာနဲ့ Win တို့အားလုံး နောက် တနှစ် သို့ ရောက်တော့မည်။
Bright ချစ်ရသူ လက်လေးကိုတွဲကာ
"ချစ်...စာမေးပွဲ ဖြေပီးရင် မောင့်ကိုဒီကပဲစောင့်နေနော် "
"အင်းပါ..မောင်ရဲ့..ဒီနေ့ ဟိုဟာတွေကို မုန့်လိုက်ကျွေးရမှာလေ"
"မောင့်အချစ်လေး..စာမေးပွဲဖြေနိုင်ပါစေ မောင်သွားပီနော်"
"အင်း မောင်ကောင်းကောင်းသွား"Win အနား love တို့ရောက်လာပီး
"ဟေ့..Win ဒီနေ့ love တို့်ကို မုန့်ကျွေးရမှာနော်""Win သိပါတယ်"
"ကဲ..မုန့်ကျွေးတာနောက်မှ အခုတော့ စာမေးပွဲ အရင်ဖြေလိုက်ကြဦး..လာသွားမယ်"Win စာမေးပွဲ ဖြေပီး အခန်းရှေ့က ခုံလေးတွင်
မောင့် ကိုစောင့်နေသည်။
"ချစ်...မောလိုက်တာကွာ "
"မောင် ကလဲ ဖြေးဖြေး လာပါ "
"ချစ်စောင့်နေရမှာ ဆိုးလို့ပါ"
"မွ" Win Bright ပါးလေးကို သူ့နှုတ်ခမ်းဖူးဖူးလေးနဲ့ အနမ်းခြွေတော့ မောင်က အံသြတကြီး သူ့ကို ကြည့်လာသည်။
"ချစ်... မောင့် ကို ရူးစေချင်တာလားကွာ"
"အရူးကိုတော့ ချစ်သူ မတော်နိုင်ပါဘူးနော်"
Bright သူ့ကို မျက်စောင်းလေးထိုးကာ နှုတ်ခမ်းလေးဆူပီးပြောနေတဲ့ ချစ်ရသူလေးကိုကြည့်ကာ အသဲယားနေသည်။"အား..ချစ်လိုက်တာကွာ"
Bright ပြောရင်းဆိုရင်း Win ပါးလေးကို ဆွဲဖျစ်လိုက်သည်။
"မောင့်..."
"ဟီး.အသဲယားလို့ "
"တခါလာလည်း အသဲယားလို့ နဲ့ ပြောပြောနေ ကြာရင် Win ပါးလည်း ပိန်တော့မယ်"
"ဟုတ်ပါပီ..ချစ်ရယ် အခုတော့ သွားရအောင် ဟိုကောင်တွေ ကြာနေလို့ ဆဲနေဦးမယ်"စားသောက်ဆိုင်တခုရဲ့ VIP အခန်းထဲသို့ ဝင်လာသော BrightWin အတွဲကို
"မင်းတို့ကောင်တွေ ကွာ ဘာတွေများလုပ်နေလို့ နောက်ကျနေတာလဲ"
Nani ကစိတ်မရှည်စွာပြောတော့
"ဟုတ်တယ်...ငါတို့်တောင် နင်တို့နှစ်ကောင် ငါတို့ကို ဂျင်းထည့်သွားပီလို့ပြောနေတာ".
အစားပုတ် love ကပါဝင်ပြောလေသည်။
Dew နဲ့ Tu ကတော့ နှစ်ယောက် တ က္မဘာ
ရောက်နေသည်။"အဲလိုမလုပ်ပါဘူးကွာ..စားစရာတွေမှာလေ"
"မင်းပြောတာ နောက်ကျနေပီ ငါတို့မစောင့်နိုင်လို့ မှာပီးလို့ စားတောင်နေပီ"
ဟုတ်ပါရဲ့ love တယောက် တော့ သူ့ရှေ့က ပင်လယ်စာ ကို အပီအပြင်ဆွဲနေသည်။
"ဒါနဲ့ Bright နင် ဘယ်တုန်းက ငါ့သူငယ်ချင်း ကို ရည်းစားစကားပြောပီး ချစ်သူတွေဖြစ်သွားကြတာလဲ"
Love ကမေးတော့ ကျန်တဲ့ သုံးယောက် ကပါ စိတ်ဝင်တစားနားထောင်နေသည်။
Bright Win လက်လေးကို သူ့လက်ကြီးနဲ့ ကိုင်ကာ လက်လေးကို အနမ်းပေးပီး
"တကယ်တော့ Win ကို ငါက Love At First Sight ဆိုပါတော့"
"ဝါး...."ဒါကတော့ သုံးယောက် ဆီက ထွက်လာခြင်းပေ။
Bright ချစ်ရသူလေးကို ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေလေသည်။