👬13👬

637 39 2
                                    

Zawgyi

ချင်းမိုင်က အေးတဲ့ဒေသဖြစ်တာကြောင့် Bright Win ကို ရေနွေးနွေးလေးနဲ့ ရေချိုးပေးပီးမွေ့ယာပေါ်တွင်နေစေကာ သူကိုယ်တိုင်လည်းရေပြေးချိုးရသေးသည်။
အခုချိန် သူ အရမ်းကြည်နူးနေတာမို့ မျက်နှာကြီးက ဖြီးနေမယ်ဆိုတာ မှန်မကြည့်ပဲတောင်သိနိုင်သည်။
Bright ရေကဗျာကသီချိုးကာ Bathrobe တထည်ကောက်ဝတ်ပီး ရေချိုးခန်းထဲကထွက်လာသည်။
TV ကလာနေသောအစီအစဉ်ကိုကြည့်နေသော Win ဟာ သူဝတ်ပေးထားတဲ့ Hoodie အစိမ်းလေးထဲမှာ မြုပ်လို့။
TV ကိုပဲစိတ်ဝင်တစားကြည့်နေတာလား သူ့ကိုပဲရှက်နေလို့လားမသိ။Win ကသူ့ကိုတချက်တောင်လှည့်မကြည့်လာ။
Bright မှာ သူ့ကိုရှက်နေသော အ​ကောင်ပောက်လေးကိုအူယားနေသည်။
အခန်းထဲတွင် လျှပ်စစ်ရေနွေးအိုးပါတာကြောင့် Bright ရေနွေးအိုးတည်ကာ ကော်ဖီဖျော်ဖို့လုပ်နေသည်။ပီးတော့ ဟိုတယ်ကောင်တာကို Ph ဆက်ကာ အကိုက်ခဲပျောက်ဆေးမှာလိုက်သည်။
Bright ကော်ဖီခွက်လေးကိုင်ကာချစ်ရသူလေးရှေ့သို့သွားပီး
"ချစ်...ကော်ဖီလေးသောက်ပီး ဆေးသောက်လိုက်နော်"
"အင်း"
Win Bright ပေးလာတဲ့ ဆေးနဲ့ ကော်ဖီကိုသောက်ပီး Bright ရင်ခွင်ထဲတိုးဝင်လေသည်။
ရင်ခွင်ထဲ ဝင်လာတဲ့ သူလေးရဲ့ နဖူး လေးကို လက်နဲ့ စမ်းကာ
"ချစ် နေမကောင်းဘူးလား "
"ဒီအတိုင်းလေးပဲ နေချင်တယ်"
Bright သူ့ကိုချွဲနေတဲ့ ကောင်လေးရဲ့ လည်ကုတ်လေးကို နမ်းပီး
"အချစ် ညစာစားရဦးမယ်လေ"
"စားတော့ဘူး...ဒီလိုလေးပဲနေပေး"
Metawin ဒီလိုချွဲနေပုံထောက်ရင် အဖျားသွေးနည်းနည်းရှိနေပီပဲ။
"အိုကေ..မောင် ဒီလိုလေးနေပေးမယ်နော် ချစ်ညစာထွက်မစားချင်ဘူးဆိုလည်း မောင် အခန်းထဲ ကိုမှာလိုက်မယ်"
"မစားချင်ပါဘူးဆို....ဟင့်".
ငိုသံလေးပါ ပါလာတာကြောင့်
"ဟုတ်ပီ မောင် မမှာတော့ဘူးနော် ချစ်အိပ်ချင်ပီလား လာ မောင့်ရင်ခွင်ထဲမှာ ချစ်ကိုချော့သိပ်မယ်"
Bright Win ကိုယ်လေးကို မွေ့ယာပေါ်လှဲစေပီး သူပါဘေးတဖက်က လှဲကာ သူ့ရင်ခွင်ထဲ Win ကိုယ်လုံးလေးကို တင်းကြပ်စွာပွေ့ဖက်ထားသည်။

"အင့်..."
Bright အိပ်ပျော်နေတုန်း
ရင်ခွင်ထဲက အသံပိစိလေးထွက်လာတာကြောင့် နိုးလာပီး
"ချစ် ဘာဖြစ်လို့လဲ "
ရင်ခွင်ထဲ က ကောင်လေးကတော့ ပါးနှစ်ဖက်မှာ မျက်ရည်စီးကြောင်းလေးနဲ့ သူမေးတာကိုမဖြေသေး။
"ငါ..ငါ့ကြောင့် မောင် ညစာမစားရသေးဘူးမလား"
Bright ph က နာရီ ကိုကြည့်လိုက်တော့.. ည ၁၁ ခွဲ
တကယ်ဒီလူသားလေးကို အသဲတွေယားပါသည်။ သူ့ကြောင့် ညစာမစားလိုက်ရလို့ ငိုနေသည်တဲ့လား ...သူလည်း ညစာစားဖို့တကယ်မေ့နေသည်။Win Metawin သာရှိနေရင် သူ့ကိုယ်သူတောင် မေ့တတ်တဲ့ လူစားပါ
"မောင် မဆာပာဘူးကွာ အချစ် မငိုနဲ့တော့နော် ခေါင်းတွေကိုက်လိမ့်မယ်"
"တကယ်လား"
ဟောဗျာ လူကို မယုံ သက်ာ နဲ့ နှုတ်ခမ်းလေးဆူပီးမေးနေသေးတာ
"တကယ်ပါဗျာ...ပြန်အိပ်ရအောင်နော် မောင် ချော့သိပ်မယ်"

Bad Boy & MaMa's Boy (Zg+Uni)Where stories live. Discover now