Zawgyi
Bright တယောက် ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် မနက် ၁၀ နာရီလောက်အထိအိပ်နေမိသည်။
Bright တယောက် အိပ်ရာထကာ ရေမိုးချိုးပီး ပြန်ထွက်လာတော့ ချစ်ရတဲ့ ယုန်ပေါက်လေးက ခုတင်ပေါ်မှာ Bright အတြက္ထုတ္ထားတဲ့ အကျီ နဲ့ဘောင်းဘီ ကို ကိုင်ကာ ထိုင်နေသည်။
"မွှ"
Bright Win. ရဲ့ ပါးပြင် မို့မို့လေးကို အနမ်းပေးကာ
"Prim ရော သြားပီလား"
"ခုနလေးတင်ပဲ သူ့ ဖြား လာခေါ်သွားပီ"
Prim လေးက ကျောင်းပိတ်ရက်ဆို မောင့် အဖေနဲ့အမေ အိမ်ရယ် Winမားတို့ဆီသွားနေကြပင်။Prim မရှိတော့ သိသိသာသာပင် အိမ်ကတိတ်ဆိတ်နေသည်။မဟုတ်ရင် မနက်မိုးလင်းတာနဲ့ Prim တယောက်ရဲ့ ဒယ်ဒယ် ပာပား ဆိုတဲ့ အသံတဆာဆာက ကြားရစမြဲ။Win တယောက် အောက်မှာ ဟင်းအိုးတည်ထားတာကြောင့် ထသွားရန်လုပ်တော့
Bright နောက်ကနေ Win ခါးလေးကို ဆွဲလိုက်တော့ Win ခန္ဓာကိုယ် လေး မွေ့ယာပေါ် အပုံသား လဲကျသည်။
"မောင်. အောက်မှာ ဟင်းအိုးတည်ထားခဲ့တယ်"
"မသွားနဲ့...ဒီအတိုင်းထားလိုက်"
Bright တယောက်
Win ခန္ဓာကိုယ် အပေါ်ကနေ ငုံ့မိုးကာ ပြောနေသည်။
မောင်က တခါတေလ ကလေးဆန်ပါသည်။
အခုလည်း နှုတ်ခမ်းကြီးဆူနေပြန်သည်။
"မောင်ကဆိုးလိုက်တာ"
"မောင် မဆိုးပါဘူး..."
"ဟင့်အင်း မောင်က အရမ်းဆိုးတာ"
Bright မွေ့ယာပေါ် ကေန မျက်လုံးလေးတွေမှတ်ကျသည့်အထိ သူဆိုးကြောင်း တစာစာပြောနေသော ယောကျာ်း လေးကို
"မွှ...မွှ"
Bright Win မျက်နှာအနှံ့ကို အနမ်းမိုးတွေကြဲ
ချပစ်သည်။
"မောင်..အင့် တော် တော်တော့ဆို"
"သနားလို့နော်"
"ဟူတ်ပါပီ "
"မောင့်နားမှာ နေပေးဦး"
"ဟင်းအိုးတူးရင် ဘာသွားစားမှာလဲပြော.. မောင်မစားပဲနေနိုင်လို့လား"
Bright ပြီတီတီ မျက်နှာနဲ့
"မောင်က အချစ်ကိုစားမှာပေါ့.."
"မောင့်.."
Win သူ့တကိုယ်လုံး ကိုက်စားမတတ်ကြည့်နေတဲ့ မောင့်ကို တကယ် အမြင်တွေ ကပ်လာသည်။
"မောင် ကမျက်နှာရူးကြီး"
"ဟော..ဖြစ်သွားရပြန်ပီ..စောစောကကျ မောင်ကဆိုးတယ်တဲ့...အခုက် မျက်နှာရူး တဲ့ အခ်စ္က မောင့်ကို အသဲယားအောင်လုပ်နေတာပဲ"
Win မောင့်ကို စိတ်ဆိုးပီး မျက်နှာကိုဘေးလွှထားကာ ဆူပုတ်နေသည်။
ဒါလား ကလေးတယောက် အေဖ
ဘုရားစူး လာမယ့် feb ဆို အသက် 25 နှစ်ပြည့်မယ့်သူ့ ယောကျာ်း ပေါက်စပါလေ။