Zawgyi
"ခွပ် " Bright မျက်နှာထက် ကျရောက်လာသော လက်သီးတချက်
"ဖေကြီး "
"ဦး"
Win. Bright အဖေဖြစ်သူလက်သီးချက်ကြောင့် အောက်ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားသော မောင့် ဘေးနား အပြေးလေးသွားကာ မောင့် မျက်နှာလေးကို လက်လေးနဲ့ တယုတယ ထိကိုင်ကာ မျက်ရည်များကျနေသည်။
"Bright မင်းလုပ်ပုံကောင်းသေးရဲ့လား ဟင်...ငါတို့မျက်နှာကို အိုးမည်းသုတ်လိုက်တာလား"
"တောင်းပန်ပါတယ် ဒယ်ဒီ အချစ် ဆီမှာ သားရဲ့ ကလေးလေးရှိနေပီ"
Bright ဒယ်ဒီ ဆိုဖာပေါ်သို့ လဲကျသွားသည်။
"သားရယ်.ဘာတွေဖြစ်ကုန်တာလဲ"
Bright မာမီ သားဖြစ်သူနဲ့ Win နားလေးသွားကာ
"သားတို့ရယ် မိုက်လိုက်ကြတာ"
"အန်တီ...Win တောင်းပန်ပါတယ် နော် မောင်..မောင့်ကို မရိုက်ပါနဲ့"
Bright မာမီ Bright ကိုယ်ရှေ့က ကာစီးကာစီးလုပ်ကာပြောနေသော ဖြူဖြူသေးသေး ကောင်လေးကိုကြည့်ကာ
အို...သားတို့ရယ် စိတ်အလိုလိုက်ခဲ့သော သားဖြစ်သူကိုပဲ စိတ်ဆိုးရမလား... သားဖြစ်သူအလိုကိုမငြင်းပဲ ခွင့်ပြုခဲ့တဲ့ သားမက်လေးကိုပဲစိတ်ဆိုးရမလားမသိပါဘူး...
ဒီမနက် သူနဲ့ ဖေကြီး မနက်စာစားနေတုန်း
သားဖြစ်သူ ကားခြံထဲဝင်လာပီး ကောင်လေးတယောက် ကိုလက်ဆွဲကာ အိမ်ထဲဝင်လာပီး
"ဒယ်ဒီ နဲ့ မာမီ သား လက်ထပ်တော့မယ် ဒါ သားရဲ့ ချစ်သူ " ဆိုပီး ပြောလာသည်။"ကဲ သား Bright ထတော့ သားကောင်လေးကို သား အခန်းထဲခေါ်သွားနော်"
"ဒါပေမဲ့ မာမီ... "
Bright ဆိုဖာပေါ် မျက်ခုံးနှစ်ခုတွန့်ကွေးကာ တနေရာထဲကိုစူးစိုက်ကြည့်နေသော ဒယ်ဒီ့ကိုကြည့်ပီး
"ဒယ်ဒီက... "
"စိတ်ချပါ.. သားရယ် မင်းဒယ်ဒီကို မာမီ နားဝင်အောင်ပြောထားလိုက်ပါ့မယ်..သားကောင်လေးက ကိုယ်ဝန်ကြီးနဲ့မလား နားချေတော့နော်"
"မာမီ သားတို့ကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ်"
Bright မာမီ Win ခေါင်းလေးကိုပွတ်ပေးပီး
"သားလေး... Bright နဲ့လိုက်သွားပီးနားလိုက်ဦးနော် "
"ကျေးဇူးတင်ပါတယ် အန်တီ "Win Bright ခေါ်ဆောင်ရာ အခန်းလေးဆီရောက်တော့ Bright Win ကိုယ်လေးကိုနောက်ကနေဖက်လိုက်သည်။Bright မေးစေ့လေးက Win ပခုံးလေးပေါ် တင်ပီး
"အချစ်...ပင်ပန်းနေပီလား "
Win သူ့ခါးကိုဖက်တွယ်ထားတဲ့ Bright လက်လေးကိုကိုင်ပီး
"အချစ်က မောင်ရှိရင်အဆင်ပြေတယ်.. မောင်သာ ပင်ပန်းနေပီလားဟင်"
"မောင့်အနားမှာ အချစ်သာရှိနေရင် မောင်အရာရာကိုရင်ဆိုင်ရဲတယ်...အချစ်အတွက်
အချစ်ဗိုက်ထဲက မောင်တို့ကလေးလေးအတွက် ".
"မောင်.. မားကလေ"
"မောင့်ကိုယုံတယ်မလား"
"ယုံပါတယ်... "
"ကဲ...အချစ်ရေချိုးလိုက်ဦးနော် ...မောင်အချစ်စားဖို့တခုခု စားဖို့သွားယူလိုက်ဦးမယ်.. ရေချိုးပီးရင် ဘီရိုထဲက အချစ်ကြိုက်တာယူဝတ်နော်"
Bright အောက်ထပ်ကို ဆင်းလာတော့
"ဖေကြီး..ကလေးတွေကို လက်ခံပေးလိုက်ပါ.."
"ငါကလည်း လက်မခံဘူးပြောလို့လား.မင်းရဲ့သားလုပ်ပုံကမှမဟုတ်တာ အဲကောင်က လုပ်လိုက်ရင် တဇွတ်ထိုးပဲ ဘယ်တော့မှ ရင့်ကျက်မှာလဲမသိဘူး"
"ဒေါသကိုလျှော့ပါ ကျွန်မတို့အခုဆို မြေးတောင်ရတော့မယ် ရှင့်သားကို ဒေါသထွက်တာကဟုတ်ပါပီ သားမက်လေးကိုတော့ ဆွဲမထည့်ပါနဲ့ရှင် ကောင်လေးခဗျာ သနားပါတယ် "
"ငါလည်း ကောင်လေးမျက်နှာကြောင့်ဒီလောက်ပဲလုပ်တာ မဟုတ်ရင် မင်းသားမျက်မှာစုတ်ပြတ်သတ်နေပီ "
"ဘာပဲဖြစ်ဖြစ် ရှင်သဘောတူတယ်မလား"
"မတူလို့လည်းမရတော့ဘူးလေ"
"ကျွန်မကတော့ ပျော်တယ် အဖွားဖြစ်တော့မှာလေ"
Bright အမေပြောပီး အခန်းထဲသို့ ပျော်ရွှင်စွာဝင်သွားသည်။
Bright လည်း ထမင်းစားခန်းမသွားတော့ပဲ အပေါ်သာပြန်တက်လာသည်။
အခန်းတံခါးဖွင့်လိုက်တော့ မွေ့ယာပေါ်ကစောင်ပုံကြီးထဲမှာ အိပ်ပျော်နေတာ ယုန်လုံးလေး ခေါင်းလေးသာပေါ်နေပီ ကျန်တာတွေက စောင်ပုံထဲမြုပ်နေသည်။ နှုတ်ခမ်းဖူးဖူး လေးက အပြင်ကိုဆူထွက်နေသည်။အိပ်မက်ထဲဘာတွေအလိုမကျဖြစ်နေသည်မသိ။
Bright အိပ်ပျော်နေတဲ့ အကောင်ပေါက် နဖူးလေးကို အနမ်းပေးပီး စားပွဲပေါ်က ကားသော့ကိုဆွဲကာ အိမ်အောက်ထပ်သို့ဆင်းလာသည်။