Part 1

611 60 16
                                    

"ဂယောင်ဆူး...ငါနင့်အိမ်ကိုစာအုပ်လာ
ငှါးလို့ရလားဟင်ကျောင်းစဖွင့်ဖွင့်ချင်းပျက်
တော့အများကြီးဖြစ်နေလို့"

သူငယ်ချင်းငါးယောက်ခေါင်းချင်းဆိုင်ကာ
ဂိမ်းစက်အသစ်အကြောင်းပေါက်ပေါက်
ဖောက်နေရာမှအသံလာရာဆီမော့ကြည့်
မိကြသည်

"ဟင်...ရပါတယ်ဟ ဒါနဲ့ငါ့အိမ်ကကျောင်း
နဲ့ဝေးတယ်နော်ပြီးတော့နင်သိလို့လား"

ယခုတက်ရောက်နေတဲ့ကျောင်းကကျောင်းသားတော်တော်များများဟာကျောင်းရဲ့
အနီးအနားရက်ကွက်တွေမှာနေထိုင်ကြ
သူတွေဖြစ်ပြီးအဖွဲ့ထဲမှာပင်သူတစ်ယောက်သာကျောင်းနဲ့ဝေးတဲ့ရက်ကွက်မှာနေ
သူဖြစ်သည်

"အင်း နင့်အိမ်နဲ့ငါအိမ်ကတစ်လမ်းဘဲခြား
တာ"

ဒါဆိုဟွန်းအာလည်းသူနဲ့အတူတူဘဲပေါ့

"ဟုတ်လား ငါ့အိမ်ကိုဘယ်လိုသိလည်းဒီ
ကောင်တွေတောင်အိမ်ကိုမရောက်ဖူးဘူး"

"ချန်းယောလ်ပြောပြတာလေ"

ချန်းယောလ်ဆိုတဲ့အသံကြောင့်သူ့သူငယ်
ချင်းလေးယောက်လုံးဟွန်းအာကိုပြူးကြည့်
ကြသည်

"ချန်း...ချန်းယောလ်နဲ့ဘယ်လိုသိတာလဲ"

"သူ့အိမ်ဘေးကငါ့အိမ်လေငယ်သူငယ်ချင်းတွေဆိုလည်းဟုတ်တယ်"

ချန်းယောလ်အိမ်သို့မကြာမကြာသွားလေ့
ရှိပေမယ့် ဟွန်းအာရဲ့အိမ်ကိုမသိခဲ့တာတော့သူညံ့၍ထင်သည်

"ငါမသိခဲ့ဘူးဟီးဟီး...အေးလေအိမ်နီးနေ
တာဘဲလာခဲ့လိုက်"

"အင်းကျေးဇူးပဲနော် ငါသွားလိုက်ဦးမယ်"

"ဘိုင့်.."

ဟွန်းအာထွက်သွားသည်နှင့်တပြိုင်နက်
ဂိမ်းစက်အသစ်ရဲ့ကြောငြာလက်ကမ်းစာ
စောင်ကိုစွန်ပုံခေါက်ကာဟိုပစ်ဒီပစ်လုပ်နေတဲ့ဂျုံဒယ်က

"ဟေ့ကောင်အခြေအနေကမင်းဘက်မပါ
လောက်တော့ဘူးထင်တယ်"

"ဘာကိုလဲ"

"ဟွန်းအာနဲ့ချန်းယောလ်လေ သူတို့ဘယ်
အခြေအနေရောက်နေပြီလို့မင်းထင်လဲ"

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now