"အန်တီနေရထိုင်ရ သက်သာလား"
ချန်းယောလ်ရဲ့အမေးကိုဟွန်းအာတို့
အမေကဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြပြီး
ဖြေသည် သမီးဖြစ်သူကိစ္စကြောင့်အိပ်
ယာထဲ လဲသွားရှာတဲ့အမေရယ် ကိုယ်ဝန်
အပြင်အမေကိုပါဂရုစိုက်နေရတဲ့
သမီးဖြစ်သူရယ်နှင့်မြင်ရတာအနည်းငယ်
တော့စိတ်မကောင်းဖြစ်ရသည်"နင်တို့အိမ်ပြောင်းမယ့်နေ့ကျဖုန်းဆက်
လိုက်လေ ငါတို့နှစ်ယောက်လာကူပါ့မယ်"ချန်းယောလ်စကားကြောင့်ဘေးအိမ်ကို
လှမ်းကြည့်မိလိုက်သည် ယခင်ပတ်ခ်
မိသားစုတစ်တွေနေထိုင်ခဲ့တဲ့အိမ်က
ယခုတော့ချန်းဆောင်းတို့လင်မယားနဲ့
အမေဖြစ်သူနေထိုင်သည်ဖြစ်၍ဟွန်းအာ
တို့အမေကအိမ်ပြောင်းရန်ဆုံးဖြတ်လိုက်
ခြင်းဖြစ်ပေမည်"ဂယောင်ဆူးနဲ့တောင်မတွေ့တာကြာပြီ
နော်""ဟုတ်ကဲ့အန်တီ"
ဟွန်းအာတို့အမေရဲ့အသံကတိုးသော်ငြား အရင်ကလိုစူးရှဆဲပင် ဟွန်းအာကလည်း
အရင်အချိန်တွေတုန်းကလိုအမေဖြစ်သူ
အား အားကိုးနေဆဲဖြစ်သည်ဟွန်းအာတို့အမေကသူ့လက်ကိုခပ်ဖွဖွ
ထိတွေ့ရင်း"အရင်ကတည်းကအန်တီ့သမီးကိုကူညီ
လာတာ အခုထိပဲ...ကျေးဇူးပါသားရယ်"လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က ချောမောလှပပြီး
ထက်မြက်တဲ့အမျိုးသမီးဟာယခုတော့
အရေးအကြောင်းများဖြင့်အိပ်ယာထက်
ပက်လက်လှဲနေရရှာသည် မျက်ရည်တွေ
ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ကျေးဇူးတင်စ
ကားဆိုနေသည့်အမျိုးသမီးကြီး၏လက်
တို့အားတစ်ဖန်ပြန်ဆုပ်ကိုင်လိုက်ကာ"ပြောရမယ့်သူတွေလား အန်တီရယ်...သူ
ငယ်ချင်းတွေလေ ကူညီရမှာပေါ့"အမျိုးသမီးကြီးကမျက်ဝန်းတွေပိတ်ချကာ
မျက်ရည်တို့အားကျဆင်းစေသည်"ငါအမေ့ကိုဆေးတိုက်ရဦးမှာ နင်တို့ဧည့်
ခန်းထဲကစောင့်နှင့်နော်""အင်း အေးဆေးလုပ်ပါ"
ထက်မြက်တဲ့အမေဖြစ်သူ၏ ပြိုလဲနေပုံ
အားဟွန်းအာကပေးမကြည့်စေချင်တာ
ကြောင့်အလိုက်တသိပင်နှစ်ယောက်သား
ဧည့်ခန်းထဲသို့ထွက်လာခဲ့ကြသည်
YOU ARE READING
ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)
Fanfictionကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ် တဲ့.. ကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ်တဲ့.. CHANSOO Fanfiction(ZG+Uni) 7.10.2021 - 26.2.2022 Cover photo by @Mayalinkar