Part 5

205 49 20
                                    

"ဂယောင်ဆူး...ဒီပန်းတွေကိုဘာလို့အမြဲ
ထိုးနေတာလဲ"

"သဘောကျလို့ပါ"

မေမေကသဘောမကျဟန်ဖြင့်သူအသစ်
ဝယ်လာတဲ့ကျူးလစ်ဖြူတွေကိုအဟောင်း
တွေနဲ့လဲပေးရင်း

"ဘာတွေကဗျာဆန်နေတာလဲ...တခြား
ပန်းတွေကမှပိုမွှေးဦးမယ်"

"ဒီတိုင်း...သားသဘောကျလို့ပါ"

"ရော့...နောက်နေ့ကျကိုယ့်ဟာကိုယ်ထိုး
တတ်အောင်လုပ်ထား...ဒါမှတတ်မှာ"

မေမေပြောနေကြစကားတွေထဲကတစ်ခု
ပင် သူဟာယောကျာ်းလေးတစ်ယောက်
ဖြစ်သော်ငြား အိမ်မှာကြမ်းတိုက်ရသည်
ပန်းပင်ရေလောင်းရသည် ကိုယ့်အဝတ်
ကို ကိုယ်တိုင်လျှော်ရသည် ထမင်းစားပြီး
ပန်းကန်တွေဆေးရသည် အိပ်ခန်းထဲ
ကိုလည်းသပ်သပ်ရပ်ရပ်ဖြစ်အောင်အမြဲ
ရှင်းလင်းထားရသည်...မေမေ့စည်းကမ်း
တွေပေါ့

"ဖိုင်နယ်စာမေးပွဲနီးနေပြီမလား နှစ်လပဲ
လိုတော့တာဆို"

"ဟုတ်..."

နိုဝင်ဘာလရောက်ပြီဖြစ်၍ ဖေဖော်ဝါရီလ
လယ်ထဲဖြေရမယ့်နှစ်ဆုံးစာမေးပွဲဟာ
နီးကပ်လာပြီဖြစ်သည်

"ကိုကြီးလိုစီးပွားရေးပဲတက်မှာမလား...
ဒါမှမဟုတ်ဆေးလိုင်းတက်ချင်လား..."

"......"

"မင်းအခုတခြားအရေးမပါတဲ့မေဂျာတွေ
ယူဖို့တွေးနေတာလား"

"မဟုတ်ပါဘူး..."

"အေးနော်S.K.Yဝင်ဖို့ကြိုးစားခဲ့သမျှနောက်ဆုံးစာမေးပွဲရောက်မှဖြစ်သလိုလုပ်မ
လာနဲ့"

"ဟုတ်"

S.K.Y ဆိုတဲ့ထိပ်တန်းတက္ကသိုလ်သုံးခုက
နေသူတို့်တစ်မျိုးလုံးတစ်ဆွေလုံးကျောင်း
ပြီးခဲ့ကြသည် သိပ်ကိုတော်ကာအပြိုင်အ
ဆိုင်တွေများလှတဲ့အသိုင်းအဝိုင်းမို့ပညာ
တတ်တွေချည်းပင် ထို့ကြောင့်လည်းအမျိုး
တွေထဲက ကလေးတစ်ယောက်အထက်
တန်းအောင်ပြီးတက္ကသိုလ်တက်ရမည်
ဆိုပါကS.K.Y ကိုသာရွေးချယ်စေကြသည်
ထိုကျောင်းတွေတက်မှလည်းလူရာသွင်း
ကြ၍ သူတို့လိုလူငယ်တွေခမျာဝါသနာ
ထက်မိဘဆွေမျိုးဂုဏ်ကိုသာပိုအလေးပေး
ခဲ့ကြရသည်

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now