Part 7

238 57 53
                                    

အကင်ဆိုင်ထဲမှာလူသိပ်မရှိပေမယ့် ဆိုင်
အလည်တည့်တည့်ကခုံမှာထိုင်စားနေကြ
တဲ့လူငယ်ငါးယောက်ရဲ့အသံတွေကတော့ကျယ်လောင်လျက်ရှိသည်

မတူညီတဲ့တက္ကသိုလ်တွေတက်ရောက်ခဲ့
ကြပြီးနောက်ဒါဟာသူတို့အုပ်စုရဲ့ပထမ
ဆုံးအကြိမ်ပြန်လည်တွေ့ဆုံခြင်းပင်

"ငါကတော့ရှင်းတယ်ကွာ မိန်းမ ရမရဆို
တာအိမ်ကမားမားတို့နဲ့ပဲဆိုင်တယ် သူ
တို့ပေးစားမယ့်သူရှိရင်ယူလိုက်မယ် မရှိ
ရင်မယူဘူးပေါ့"

လူငယ်သဘာဝချစ်သူရည်းစားကိစ္စတွေ
ပြောကြရင်းထွက်ပေါ်လာတဲ့သားလိမ္မာ
လေးလုဟန်ရဲ့စကားဖြစ်သည်

"ငါကတော့ခုမှကျောင်းတက်ခါစရှိသေး
တယ် ဝိုင်းဝိုင်းလည်နေကြလို့ဘယ်လို
လုပ်ရမှန်းတောက်မသိဘူး"

"ဘာလဲ အကြွေးတွေလား"

"ရား...အကိုမင်ဆော့နော်"

ဝင့်ချီနဲ့မျက်နှာပေးကနေချက်ချင်းဆူပုတ်
သွားဟန်ပြောင်းကာအသံကျယ်ကျယ်နဲ့
ရန်တွေ့နေတဲ့ကင်ဂျုံဒယ်ပင်

"အကိုဂျွန်မြောင်ကတော့ရှင်းတယ်မလား
အဘွားသဘောတူထားတဲ့ကောင်မလေး
ရှိတယ်လေ"

"ယူစရာလားကွ အဘွားကသူ့ဟာသူလုပ်
ချင်ရာတွေလုပ်ထားတာကိုငါကအတည်
ကြီးယူရမှာလား ဂယောင်ဆူးရ"

"အဟား"

ဒီလိုတစ်ယောက်တစ်ပေါက်စကားတွေ
များကြရင်းချန်းယောလ်နဲ့သူကိစ္စဆီရောက်သွားကြပြန်သည်

"ပတ်ခ်ချန်းယောလ်ကသူ့ကိုကြိုက်နေမှန်း
တောင်မသိဘူး ဒီတိုင်းသူငယ်ချင်းတွေလို
လုပ်နေတာ ငါဖြင့်ဘေးကနေတောင်ဒီ
ကောင့်ကိုသနားတယ်"

နှစ်ယောက်လုံးနဲ့အနေနီးသူမင်ဆော့က
လေးနက်စွာဆိုသည်

"ကျူးလစ်ဖြူတွေကတော့သူတို့လွတ်မြောက်ဖို့ကိုတမ်းတနေတော့မှာပဲ"

"အာ...ကျူးလစ်ဖြူဆိုလို့ဖျောင်းဝေနဲ့ပြတ်
သွားပြီဆို ဟုတ်လား"

ဂျုံဒယ့်ရဲ့ကျူးလစ်အကြောင်းကဗျာဆန်မှု
နောက်မှာလုဟန်ရဲ့မေးခွန်းက ကပ်ပါလာ
သည် သို့သော်ဘယ်သူ့အားဦးတည်သလဲ
ဆိုတာသေချာမသိကြတာ၍သူကပင်ဦး
ဆောင်ကာ

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now