တက္ကသိုလ်ဒုတိယနှစ်၏ပထမနှစ်ဝက် စာမေးပွဲဖြေဆိုပြီးချိန်ဖြစ်သည်
ဂျူလိုင်လလယ်ဖြစ်၍ပူအိုက်တဲ့နွေရာသီ
သို့တရားဝင်ရောက်ရှိချိန်လည်းဖြစ်သည်
ပူလောင်နေတာမို့ကမ်းခြေဘက်ခရီးထွက်
ချင်စိတ်ကလည်း ထိန်းမရသိမ်းမရမေမေ့ကိုပြောရင်လည်းရမှာမဟုတ်သလို
လုဟန်တို့နဲ့ဂျယ်ဂျူဒိုကိုလိုက်ဖို့ရာလည်း
ခွင့်ပြုမယ့်ပုံမပေါ်"အား...လုဟန်တောင်လိုက်ရပြီကို ငါက
ဘာလို့မလိုက်ရတာလဲ"အထက်တန်းပြီးစဉ်အခါကမလိုက်ရတဲ့
လုဟန်ဟာ ဒုတိယနှစ်ရောက်တော့လိုက်
ခွင့်ရပြီဖြစ်သည် သူကတော့အရင်ကတိုင်း
ပါပဲ"ဂယောင်ဆူး..."
"ဗျာ...ဘာခိုင်းမလို့လဲမေမေ"
အိမ်ထဲကမေမေ့ရဲ့ခေါ်သံကြောင့်ခြံထဲမှာ
ထိုင်နေရာကနေအိမ်ထဲသို့ဝင်သွားလိုက်
သည် မေမေကဧည့်ခန်းမှာထိုင်ရင်းတီဗီ
ကြည့်နေရာကနေ"ဂျယ်ဂျူဘက်ခရီးထွက်ကြမလို့ဆို"
"ဟင်..မေမေဘယ်လိုသိတာလဲ"
"ချန်းယောလ်လေးဖုန်းဆက်တာ..သူရော
လိုက်မှာမို့ဂယောင်ဆူးကိုလည်းထည့်ပေး
လိုက်ပါတဲ့"ခရီးသွားမယ့်အကြောင်းဘယ်လိုသိသွား
တာပါလိမ့် ပြီးတော့ဒီကောင်လိုက်လာရင်
လုဟန်တို့နဲ့အဆင်ပြေမှာမဟုတ်ဘူး"မေမေဘာပြောလိုက်လဲဟင်"
"ချန်းယောလ်လေးပါမှတော့မေမေကစိတ်
ချပါတယ် လိုက်သွားလေသားလည်းပျင်း
နေရောပေါ့""ဟုတ်"
မေမေဟာချန်းယောလ်ပြောရင်အကုန်ခွင့်
ပြုနေတော့တာပဲ"အင်္ကျီတွေသွားထည့်တော့လေ မနက်ဖြန်
သွားကြမှာဆို""ဟုတ်ကဲ့"
မည်သို့ပင်ဖြစ်စေအခွင့်အရေးရတုန်းလေး
လိုက်သွားမည် ဟိုရောက်မှလုဟန်တို့ကို
နည်းနည်းပါးပါးထိန်းကာရန်မဖြစ်ရေးလှုံ့
ရမည်...
ကမ်းခြေနဲ့လိုက်မယ့်ဘောင်းဘီတိုလေး
တွေရယ်တီရှပ်လေးတွေရယ်ကိုသုံးရက်
စာလောက်အိတ်ထဲစီထည့်ပြီးတော့
အချိန်ကိုက်ချန်းယောလ်ဆီကဖုန်းဝင်လာ
သည်
YOU ARE READING
ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)
Fanfictionကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ် တဲ့.. ကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ်တဲ့.. CHANSOO Fanfiction(ZG+Uni) 7.10.2021 - 26.2.2022 Cover photo by @Mayalinkar