Part 16

149 42 33
                                    

လုဟန်ရဲ့သူငယ်ချင်းဘက်မှခံပြင်းစိတ်
ကြောင့် ကိုယ်ဝန်ဆောင်အားစိတ်ထိခိုက်
စေမည့်စကားလုံးတွေပြောခဲ့ခြင်း၏အကျိုး
ဆက်ကားသူ့တိုက်ခန်းဆီသို့ဟွန်းအာ
ရောက်လာခဲ့ခြင်းဖြစ်သည်

"ငါတောင်းပန်ပါတယ်"

ဟွန်းအာကခပ်တိုးတိုးတောင်းပန်သည်
လုဟန်ပြောခဲ့သလိုပင် လှပလွန်းတဲ့မိန်းကလေးတစ်ဦးအသွင်မှရုတ်ချည်းပြောင်း
လဲသွားကာမျက်ရည်စတို့ကလည်းမျက်
ဝန်းအိမ်မှကျဆင်းလာကြသည်

"ငါလုဟန်ဆီကသိပြီးပါပြီဂယောင်ဆူး
ရယ်...ငါတကယ်မသိခဲ့လို့ပါ"

မဝံ့မရဲနဲ့ကြည့်၍လေသံတိုးတိုးလေးနဲ့
ပြောနေရှာတဲ့သူငယ်ချင်းမကိုကြည့်ကာ
စိတ်မကောင်းဖြစ်ရသည်

"နင်ဘာမှားခဲ့လို့်တောင်းပန်နေတာလဲ
ဟွန်းအာ နင့်ကြောင့်ငါဘာတစ်ခုမှမဖြစ်
ခဲ့ဖူးလေ"

လက်သွယ်သွယ်လေးနှစ်ဖက်ကိုဆွဲယူ
ပြီးနှစ်သိမ့်တော့ သူ့လက်ဖမိုးပေါ်ခေါင်း
အပ်ကာငိုသည်

"နင်ချန်းယောလ်ကိုဒီလောက်အချိန်အကြာကြီးသဘောကျနေမှန်းသိရင် ငါသူ့ကို
မတွဲခဲ့ပါဘူး"

ဟွန်းအာရဲ့ကျောပြင်လေးအားပုတ်ပေး
လိုက်သည်

"ငါ့မှာသာကိုယ်ဝန်မရှိရင် ချန်းယောလ်နဲ့
မင်္ဂလာပွဲကိုလည်းဖြတ်ပစ်မှာ"

ကျလာတော့မယ့်မျက်ရည်တွေကိုအား
တင်းကာထိန်းထားရသည်

"ငါတကယ်အဆင်ပြေပါတယ်ဟွန်းအာ
နင့်ဗိုက်ထဲကချန်းယောလ်သွေးသားလေး
ကိုသာဂရုစိုက်...ငါအဆင်ပြေအောင်ကြိုး
စားနေနိုင်တယ်"

ခပ်အက်အက်အသံကြောင့်ဟွန်းအာက
မော့ကြည့်သည် နီရဲနေတဲ့မျက်လုံးလေး
တွေကတောင်းပန်နေတဲ့အရိပ်အယောင်
တွေသန်းနေ၏

"ငါ့ဗိုက်ထဲက ကလေးကချန်းယောလ်နဲ့ရ
တာမဟုတ်ဘူး"

"ဟင်"

"ငါတောင်းပန်ပါတယ်"

ဒီတစ်ခါဟွန်းအာရဲ့တောင်းပန်စကားကို
မငြင်းပယ်နိုင်ခဲ့တော့ပေ

"ချန်းယောလ်သိလား"

ခေါင်းညိမ့်သည်

"သူမင်္ဂလာပွဲကိုလက်မခံခဲ့ဘူး"

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now