Part 12

136 47 21
                                    

ချန်းယောလ်တရုတ်ကိုထွက်သွားတာနှစ်
နှစ်ကျော်ပြီအရင်လိုအကြောင်းစုံ မစုံစမ်းမိ
တော့ပေမယ့်ခက်ခက်ခဲခဲရလာတဲ့ဆိုရှယ်
မီဒီယာအကောင့်လေးကိုတော့ တစ်နေ့
နှစ်ကြိမ်နီးပါးဝင်ကြည့်ဖြစ်သည်

ဟွန်းအာနဲ့ချန်းယောလ်ရဲ့ဆက်ဆံရေးကို
လူကြီးတွေမသိကြသေးမှန်းသူတို့နှစ်ဦး၏
ဆိုရှယ်မီဒီယာအကောင့်တွေကိုကြည့်ရင်း
သိနိုင်သည် အပြန်အလှန်Followingလုပ်ထားတာကလွဲပြီးတခြားဆင်တူတင်
ထားတာတွေဘာတွေမရှိကြပေ ဒါကိုပဲ
သူအနေနဲ့ကျေးဇူးတင်ချင်မိသေးသည်

"ဒီနေ့အချိန်ရရင်ကော်ဖီသွားသောက်ကြ
မလား ကျွန်တော်တိုက်ပါ့မယ်ခင်ဗျာ"

စာရေးဆရာအသင်းမှာဝင်ထွက်နေရင်း
ခင်နေတဲ့စာရေးသူတစ်ဦး၏အကိုကသူ့
ကိုကော်ဖီအတူသောက်ရန်ခေါ်သည်
ဒီအကိုကသူ့အားရိုးရိုးသားသားခင်တာမ
ဟုတ်ကြောင်းလည်းကြားသိပြီးဖြစ်သည်

သို့သော်အလွန်တရာမှအားနာတတ်လွန်း
တဲ့သူကလျစ်လျူမရှုနိုင်ပေ တွေ့ရင်အမြဲ
နှုတ်ဆက်မိသလို အရင်လိုပင်ယဉ်ယဉ်
ကျေးကျေးစကားပြောမိသေးသည်

"နောက်တစ်ခါမှလိုက်ခဲ့ပါ့မယ် ကျွန်တော်
ဒီနေ့သွားစရာလေးရှိလို့ပါ"

မိကောင်းဖခင်သားသမီးဖြစ်သူအနှီအမျိုး
သားကလည်းပြုံး၍ခေါင်းညိမ့်ပြသည်

"ရပါတယ်ဗျာ ဂယောင်ဆူးမှအချိန်မရတာ
ကျွန်တော်နားလည်ပါတယ်"

"ဒါဆိုခွင့်ပြုပါဦး"

နှစ်ထောင့်ဆယ့်ရှစ်ရဲ့နှစ်စကိုတရားဝင်
ကူးပြောင်းကာစအချိန်မို့ လမ်းတစ်လျှောက်မှာနှစ်ကူးဆုတောင်းစာတန်းတွေနဲ့သာ
ပြည့်နှက်နေသည် စာရေးဆရာအသင်း
တည်ရှိရာအဆောက်အအုံကနေ ကုန်တိုက်ဖက်ထွက်လာခဲ့ပြီးကိတ်ဆိုင်မှာ ကိတ်
မုန့်တစ်လုံးဝင်ဝယ်လိုက်သည်

ဂျုံဒယ့်ရဲ့ကြော်ညာမီဒီယာလုပ်ငန်းခွဲတစ်
ခုဖွင့်ပွဲအတွက်ဂုဏ်ပြုကိတ်မုန့်ဖြစ်သည်

"ကျေးဇူးပါ"

လှလှပပလေးထည့်ပေးထားတဲ့ကိတ်မုန့်
ဘူးလေးကိုဝန်ထမ်းလေးဆီမှလွဲပြောင်း
ယူရင်းကျေးဇူးတင်ကြောင်းဆိုမိသည်

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now