Part 11

145 50 20
                                    

အရင်ကတစ်ပတ်မှာသုံးခါအနည်းဆုံး
တွေ့ဖြစ်ခဲ့ကြတဲ့သူနဲ့ချန်းယောလ်က ဘွဲ့ရ
ပြီးသွားကြတော့တစ်လမှာတစ်ခါတောင်
မတွေ့ဖြစ်ကြတော့ပေ ချန်းယောလ်က
ပန်းချီဆရာတွေနဲ့ပြခန်းတွေဖွင့်ဖို့အလုပ်
ရှုပ်နေသလို သူကလည်းစာအုပ်ထုတ်နိုင်
ရေးအတွက်အိမ်တွင်းအောင်းစာရေးဖြစ်
နေသည်

"သားငယ် ချန်းယောလ်လေးကိုလိုက်မပို့
ဖူးလား"

"ဟင်"

မေမေကလက်ထဲမှာဖုန်းကိုင်ထားရင်းသူ့
ကိုလှမ်းမေးသည် တစ်ယောက်ယောက်နဲ့
ဖုန်းပြောနေပုံပင်

"ချန်းယောလ်ကဘယ်သွားလို့လဲ မေမေ"

"ဟဲ့ မသိသေးဘူးလား"

"အင်း"

မေမေကအံ့သြသွားဟန်ဖြင့်လက်ထဲကိုင်
ထားတဲ့ဖုန်းကိုနားဆီကပ်၍

"အမကြီးပတ်ခ်ရေ ချန်းယောလ်လေးက
သူ့သူငယ်ချင်းကိုပြောမသွားဘူးတဲ့"

မေမေ့စကားအသွားအလာအရ ချန်းယောလ်ကတစ်နေရာရာကိုသွားသည့်ပုံပင်
ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့
ချန်းယောလ်ကအပျော်ခရီးမကြာခဏ
ထွက်တတ်သည် အခုလည်းဘယ်သူတွေ
နဲ့သွားပြန်ပြီမသိပေ

မေမေကအန်တီပတ်ခ်နဲ့ဖုန်းပြောပြီး၍သူ့
ဘက်ပြန်လှည့်ကာ

"ချန်းယောလ်ကတရုတ်ပြည်သွားတာလေ
မသိဘူးလား"

ဒီတစ်ခါပြည်ပခရီးထွက်တာထင်သည်

"ဟင့်အင်း ဘယ်သူတွေနဲ့သွားတာတဲ့လဲ"

"သူ့အကိုဝမ်းကွဲတွေဆီတဲ့"

"အော်"

အဲ့အချိန်တုန်းကသာအပြီးတိုင်ပြောင်း
သွားတာသိခဲ့ရင်ဒီလိုအေးဆေးလေးပြန်
မဖြေခဲ့ဘူး

...

"လုဟန် ဘာသတင်းကြားလဲဟင်"

ချန်းယောလ်အပြီးပြောင်းသွားကြောင်း
အန်တီပတ်ခ်ဆီကသိပြီးပြီးချင်းသူ့မှာငိုချ
မတတ်ပင် တစ်လနီးပါးအရင်လိုရင်ခုန်
သံလေးတွေမဖြစ်ပေါ်လာတော့လူကဟာတာတာနဲ့ တစ်လကျော်လာတော့ရသ
မျှသတင်းအကုန်စုံစမ်းမိတော့သည်

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now