Part 2

234 54 8
                                    

"ဂယောင်ဆူး...မနက်ဖြန်ငါစာအုပ်လာငှါး
အုံးမယ်နော်"

"မလာနဲ့တော့ ငါချန်းယောလ်ဆီလာစရာ
ရှိတယ်တခါတည်းယူခဲ့လိုက်မယ်လေ"

"အိုကေ..ငါ့သူငယ်ချင်းလေးကအကောင်း
ဆုံး"

ကျောက်ကပ်ဆေးရတဲ့ရက်တွေအပြင်
ကြားထဲမှာလည်းနားရတဲ့ရက်တွေများလာ
ရရှာတဲ့ဟွန်းအာဟာ သူ့အားစာကြည့်တိုက်သဖွယ်အမြဲစာအုပ်ငှါးနေရရှာသည်မှာ
နှစ်ဝက်စာမေးပွဲပင်ကုန်လွန်ခဲ့ပြီဖြစ်သည်

"ထူးထူးဆန်းဆန်းချန်းယောလ်အိမ်သွားရ
မှာကို ပေါ့ပေါ့ပါးပါးလုပ်နေပါ့လား"

အနောက်ကနေပုခုံးလှမ်းဖက်ကာလာစ
တဲ့ဂျုံဒယ့်ကိုပြုံးကြည့်လိုက်ရင်း

"အဲ့တာထူးဆန်းလို့လား အကိုဂျုံဒယ်"

အတန်းတူသော်ငြားမွေးဖွားတဲ့နှစ်တွေက
ကွာတာကြောင့်သူငယ်ချင်းအရင်းကြီး
လုဟန်ကလွဲ၍ကျန်တဲ့သူတွေအားအကိုတပ်ခေါ်ခြင်းဖြစ်သည် သို့သော်နာမည်
တပ်ခေါ်တဲ့အချိန်မှသာဖြစ်ပြီး ကျန်အချိန်
တွေမှာဆို မင်းနဲ့ငါသာသုံးခဲ့သည်

"ထူးဆန်းတာပေါ့ကွ မင်းချန်းယောလ်က
ရည်းစားကြီးတကားကားနဲ့ဖြစ်နေပြီလေ ဒါကိုမင်းကအေးဆေးလေးနေနိုင်တုန်း
လား"

"......."

ဟုတ်တာပေါ့ ချန်းယောလ်မှာရည်းစားရှိ
နေပြီလေကိစ္စတွေအများကြီးကဒီပထမနှစ်ဝက်ထဲဖြစ်ပျက်သွားခဲ့သည်ကျူရှင်မှာသူ့
ခုံရှေ့ထိုင်တဲ့ကောင်မလေးကိုချန်းယောလ် သဘောကျခဲ့သည်,ကံကြမ္မာက
သူ့ကိုပဲသနားတာလား ချန်းယောလ်ကိုပဲ
စောက်မြင်ကတ်နေသလားတော့
မပြောတတ်ချန်းယောလ်ဖွင့်မပြောရသေး
ခင်ထိုကောင်မလေးကကျုရှင်ထွက်သွားခဲ့
သည်

အဲ့ဒီ့နောက်ဂျူလိုင်လလောက်ကဖြစ်သည် ပထမနှစ်ဝက်စာမေးပွဲအတွက်အလုပ်ရှုပ်
နေချိန်မှာချန်းယောလ်တို့ကျောင်းကသူတို့
ထက်တစ်နှစ်ငယ်တဲ့ဂျူနီယာကောင်မလေးနဲ့ရည်းစားဖြစ်သွားခဲ့ကြသည် ဘယ်က
နေဘယ်လိုဖြစ်သွားကြမှန်းမသိပေမယ့်
ချန်းယောလ်ကတော့သူ့ချစ်သူကောင်မလေးအကြောင်းကိုအမြဲပြောနေတတ်သည်
အရမ်းချစ်ဖို့ကောင်းပြီးချွဲတတ်တဲ့အကြောင်းရောထိုကလေးမလေးနားဝိုင်းနေတဲ့ကောင်တွေအကြောင်းရောပေါ့

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now