Part 14

167 44 20
                                    


ကော်ဖီဆိုင်အလယ်ပိုင်းလောက်ကခုံ
လေးမှာ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းသုံးယောက်ထိုင်နေကြသည်

မင်ဆော့ကဖွင့်ထားတဲ့သီချင်းကိုခပ်တိုး
တိုးလိုက်ဆိုနေသည်

သူကတော့ကော်ဖီခွက်ကိုဇွန်းနဲ့မွှေနေ
ကာဂျုံဒယ်ကသူတို့နှစ်ယောက်ကိုထိုင်
ကြည့်နေသည်

"ဆိုတော့အဲ့ကောင်ပြန်လာပြီပေါ့"

ဂျုံဒယ့်ရဲ့ဒေါသသံအနည်းငယ်ပါနေတဲ့
မေးခွန်းကိုခေါင်းညိမ့်၍သာမဖြေပြန်ပေး
လိုက်သည်

"မင်းကရောခုချိန်ထိကြိုက်နေတုန်းပဲမ
လား"

သီချင်းလိုက်ညည်းနေတဲ့မင်ဆော့က
လည်းအဖြေပါပြီးသားမေးခွန်းကိုမေးလာ
သည်

သူလည်းထပ်၍ပင်ခေါင်းငြိမ့်အဖြေပေးလိုက်သည်

"မင်းကတော့တကယ်စံပဲကွာ"

မင်ဆော့ရဲ့မချိတင်ကဲရေရွတ်သံကြောင့်
အသံထွက်ရယ်မိသည်

"အကိုကဘောလုံးအကြောင်းဘဲစိတ်ဝင်
စားပြီးမချစ်ဖူးတော့ဘယ်သိမလဲဗျ"

အကိုမင်ဆော့ဟာနိုင်ငံ့လက်ရွေးစင်ဘော
လုံးသမားဖြစ်၍ ရည်းစားမရှိခြင်းမဟုတ် ဘဲရည်းစားထားဖို့စိတ်ကူးမရှိ၍ ချစ်သူမရှိ
ခြင်းပင် ခုတော့ဒါဟာသူ့အတွက်အနိုင်ပိုင်းစရာအကွက်တစ်ခုဖြစ်လာသည်

"ငါကရော...ငါကချစ်ဖူးတယ်လေ ဒါပေမယ့်မင်းလိုမဟုတ်ဘူး"

ဂျုံဒယ်ကသူ့အားပြန်၍အနိုင်ပိုင်းသည်

"ချစ်တတ်ပုံချင်းတော့ တစ်ယောက်နဲ့
တစ်ယောက်ဘယ်တူပါ့မလဲ"

"ချစ်တတ်ပုံချင်းမတူသလို နာကျင်ရပုံချင်း
လည်းမတူဘူးလေ"

"ငါတကယ်မေ့ပစ်ဖို့ကြိုးစားကြည့်မယ်"

"ကြိုးစားကြိုးစား...ဒါပေမယ့်ဘာဖြစ်ဖြစ်ပါ
မင်းဘယ်လိုပဲလုပ်လုပ်မင်းဖက်မှာငါတို့ရှိ
တယ် ရှေ့ပဲတိုးတိုးနောက်ပဲဆုတ်ဆုတ်ငါ
တို့ကူညီမယ်ဟုတ်ပြီလား"

မင်ဆော့ကအားပေးသလိုဆိုသည်

"ဒါပေမယ့်မင်းကြိုက်နေမှန်းဟိုကအရင်
သိအောင်လုပ်ဦး ခုဟာကဖရန့်ဇုန်ထဲပိတ်
မိနေတာနှစ်ချီနေပြီကွ"

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now