Part 17

172 45 29
                                    

ချန်းဆောင်းတို့အမေကဖုံးကွယ်ထား
သည့်အမှန်တရားပေါ်သွား၍ထိန်းမရ
အောင်ပင် မျက်နှာပျက်နေသည် ထို့အတူ
ဟွန်းအာက ချန်းယောလ်ကိုပြောပြခဲ့ပါ
တယ်ဟုရှက်ရမ်း ရမ်း၍ချန်းယောလ်တို့
အမေအားသွေးထိုးသည်

"ဒီကလေးမကအကုန်ပတ်မွှေနေတာ
မမကြီး"

"ဒီကောင်မလေးပြောခဲ့လား မပြောခဲ့ဘူး
လားဆိုတာချန်းယောလ်ကိုမေးလိုက်ရင်
ရနေပြီပဲ ဒေါ်လေးရယ်"

ချန်းယောလ်ရဲ့အမအရင်းဖြစ်သည့်မမ
ယူရာကဝင်ပြောသည် ချန်းယောလ်တို့
အမေကတူမနဲ့အဒေါ်စကားများမည်စိုး
၍သမီးဖြစ်သူအားဟန့်သည်

"သားငယ်ကအခုစိတ်အခြေအနေကောင်းနေတာမှမဟုတ်တာ ကလေးကိုဘာမှ
သွားမမေးကြနဲ့ အော်လွှတ်လိမ့်မယ်"

ဟွန်းအာကသူ့ဘေးမှာခေါင်းငုံ့ပြီးကြိတ်
ငိုနေ၏

မမယူရာကစိတ်ပျက်သလိုသက်ပြင်းချ
သည် ဟွန်းအာရဲ့မျက်ရည်တို့ကခြေဖမိုး
ဖွေးဖွေးလေးတွေအထိတစ်စက်ချင်းကျ
နေသည်

"ကျွန်တော်သွားမေးပေးပါ့မယ်"

ရှိသမျှလူအကုန်လုံးကဝိုင်းကြည့်ကြ
သည်

"အချစ်ဆုံးသူငယ်ချင်းကိုတော့မအော်
လောက်ပါဘူး"

တည်ငြိမ်ချင်ယောင်ဆောင်ထားသည့်အ
သံကအဖျားနားတွင်တိမ်ဝင်သွားသည်
မမယူရာကနေရာမှထလာကာလှေကား
ရင်းထိလိုက်ပို့သည်

"မင်းသူငယ်ချင်းကိုသေချာမေးကြည့်စမ်း
ပါ ငါ့မောင်ရယ်...မမဖြင့်ဟိုကောင်မလေး
ကိုသနားလွန်းလို့"

တုန်ယင်နေတဲ့သူငယ်ချင်းဖြစ်သူရဲ့ကျော
ပြင်ငယ်ဟာသိမ်မှုအပြည့်နှင့်

မမယူရာကိုတစ်ချက်ပြုံးပြခဲ့ပြီးနောက်
အပေါ်ထပ်သို့တတ်ခဲ့လိုက်သည် ဒီအိမ်
သို့ချန်းယောလ်တို့မိသားစုပြောင်းရွှေ့နေ
ထိုင်စဉ်ကတည်းကအကြိမ်မြောက်မြား
စွာရောက်ဖူးနေသည့်တိုင် ချန်းယောလ်
တရုတ်ပြည်ရောက်သွားသည့်နောက်
ပိုင်းမှစ၍ခြေမချဖြစ်ခဲ့တာယနေ့ထိပင်ဖြစ်
သည်

သို့သော်မှတ်မိနေသည့်လှေကားဘယ်
ဘက်ထိပ်ကချန်းယောလ်အခန်းအား
ငေးကြည့်လိုက်သည် အသက်ပြင်းပြင်း
တစ်ချက်ရှုပြီးတံခါးခေါက်လိုက်သည်

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now