Part 6

215 56 42
                                    

"သား K artsဘဲတက်ချင်တာမေမေ"

"သားရယ် သေချာစဉ်းစားပါဦး"

ဖေဖေဆုံးသွားတာကြောင့်စီးပွားရေးဘွဲ့
ကိုပို၍ပင်ယူသင့်ပေမယ့်သူ့အနေနဲ့ဝါသ
နာကိုတကယ်ပင်မစွန့်လွှတ်နိုင်တာကြောင့်မေမေ့အားဖွင့်ပြောခဲ့သည် မေမေဟာ
အရင်ကလောက်မတင်းကြပ်ပေမယ့်
လက်ခံပေးတဲ့အခြေအနေနဲ့တော့မဟုတ်
ပေ

"သားဝါသနာမပါတဲ့အလုပ်ကိုမလုပ်ချင်
ဘူးမေမေ"

မေမေကအနည်းငယ်စိတ်ပျက်မှုရောနေ
တဲ့အကြည့်မျိုးနဲ့ကြည့်ကာ ကိုကြီးကတော့
အိမ်ရှေ့ကိုထွက်သွားသည် ဘာတွေက
မှားနေသလဲဆိုတာတစ်ခုချင်းဆီလိုက်မ
စဉ်းစားချင်တော့သလိုသူဝါသနာပါရာကို
လုပ်ရဖို့အတွက်တစ်ခါလောက်သတ္တိရှိ
ချင်မိပြန်သည်

"မင်းတစ်ယောက်ထဲဖြစ်နေမှာပေါ့"

တားမရတဲ့အဆုံးမေမေဟာသူငယ်ချင်း
အပေါင်းအသင်းနဲ့တားပြန်သည်

"ကျွန်တော်ရောအတူတူတက်မှာပါ အန်
တီ"

တံခါးဝဆီကနေပျံလွှင့်လာတဲ့အသံသြသြ
ကြောင့်မေမေကထိုအသံပိုင်ရှင်ကိုအံ့သြ
သလိုလှမ်းကြည့်ပြီး

"သားရောအဲ့ဒီပဲတက်မှာလား"

"ဟုတ်တယ်အန်တီ"

"ဒါဆို ဂယောင်ဆူးလည်းတက်ချင်တက်
လေ သားချန်းယောလ်လည်းရှိတော့မေ
မေစိတ်ချပါပြီ"

သူအကြိမ်ကြိမ်အခါခါပြောခဲ့ပေမယ့်မရရှိ
တဲ့ခွင့်ပြုချက်ကိုချန်းယောလ်စကားတစ်
ခွန်းထဲနဲ့ပင်မေမေကခွင့်ပြုခဲ့သည် လော
ကကြီးကဘာများမှားယွင်းနေတာလဲ?

သို့သော်ထိုအရာအားသူသဘောကျနေခဲ့
ပြန်သည်

"အန်တီနေ့လည်စာ စားပြီးပြီလား"

ချန်းယောလ်ကသူထိုင်နေတဲ့နှစ်ယောက်
ထိုင်ဆိုဖာပေါ်ဝင်ထိုင်ရင်းမေမေ့အား
လောကွတ်ပြုလေသည်

"မစားသေးဘူးသား...သားလည်းအိမ်က
မစားခဲ့ရသေးရင်တစ်ခါတည်းဝင်စားသွား
လေ"

"ဟုတ်...အန်တီ့လက်ရာစားချင်လို့သက်
သက်လာတာ ဗိုက်တောင်ဆာနေပြီ ဟီး"

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now