တီး...တောင်
လူခေါ်ဘဲလ်သံကြောင့်ကီးဘုတ်ပေါ်မှာ
ပြေးလွှားနေတဲ့လက်ချောင်းတွေရပ်တန့်
သွားရသည် လက်တော့ပ်ထောင့်စွန်းကို
ကြည့်လိုက်တော့ညဆယ်နာရီရှိနေပြီဖြစ်
ကြောင်းသိလိုက်ရသည်ဒီအချိန်ကြီးဘယ်သူပါလိမ့်...
တီး...တောင်
ဒုတိယမြောက်ထွက်ပေါ်လာတဲ့ဘဲလ်သံ
အဆုံးထိုင်နေရာကနေထကာဧည့်ခန်းထဲ
ထွက်လာခဲ့လိုက်သည်ချောက်...
တံခါးဖွင့်တာနဲ့မြင်လိုက်ရတာကသူငယ်
ချင်းမ ဟွန်းအာ"ဟွန်းအာ!!! ဒီအချိန်ကြီးဘာဖြစ်လို့လဲ"
"ဖိတ်စာလာပေးတာရော့"
လက်ထဲရောက်လာတဲ့ခဲရောင်စာအိတ်ကလေးအားဖွင့်ကြည့်လိုက်တော့ပန်း
ချီပြပွဲတစ်ခုရဲ့ဖိတ်ကြားလွှာကဒ်လေး
နဲ့အတူရင်းနှီးနေတဲ့ရေမွှေးနံ့ခပ်သင်းသင်း
လေးကနှာခေါင်းဝလာတိုးသည်"ဒါနင်မဖြစ်မနေသွားရမယ့်ပွဲ ငါလည်းသွားမှာမို့မနက်ကျလာခေါ်မယ်"
ဟွန်းအာကAnime ကုမ္ပဏီတစ်ခုရဲ့ဇာတ်ကောင်ဖန်တီးမှုပိုင်းခေါင်းဆောင်ဖြစ်
ကာဒီလိုပန်းချီကားတွေထက် Digital
artတွေကိုပိုသဘောကျသူဖြစ်သည် သူမ
ဒီလိုပွဲတွေသွားလေ့မရှိတာကိုကျွန်တော်
သိသလို ကျွန်တော်ဒီလိုပွဲတွေမသွားတတ်
တာကိုလဲ သူမကောင်းကောင်းသိသည်
သို့သော်အဘယ်ကြောင့်ဤပွဲကားနှစ်
ယောက်လုံးသွားရမည်နည်း"ငါဒါတွေစိတ်မဝင်စား..."
"ငါသိတယ်ဒါပေမယ့် ဒီပွဲကပန်းချီကား
တွေထက်ပိုပြီးအံ့သြစရာကောင်းတဲ့အစီ
အစဉ်ရှိလို့ နင်လိုက်ကိုလိုက်ရမယ်ဟာ"ဟွန်းအာကအတင်းခေါ်နေတာရယ်
ပေးရမယ့်စာမူကရက်လိုသေးတာရယ်
မနက်ဖြန်ဘယ်မှသွားစရာမရှိတာရယ်
ကြောင့်ထိုပန်းချီပြပွဲကိုသွားဖို့ခေါင်းညိမ့်
လိုက်သည်"အင်းလေ ဒါဆိုလည်းသွားကြတာပေါ့
နင်လာခေါ်မှာမလား""အင်း နင်သာအဆင့်သင့်လုပ်ထားငါရောက်ရင်ဖုန်းဆက်လိုက်မယ်"
YOU ARE READING
ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)
Fanfictionကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ် တဲ့.. ကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ်တဲ့.. CHANSOO Fanfiction(ZG+Uni) 7.10.2021 - 26.2.2022 Cover photo by @Mayalinkar