Part 9

160 47 28
                                    

အရွယ်ရောက်ပြီးသားယောကျာ်းလေး
တွေချည်းဆိုတော့သောက်ကြစားကြပေါ့

ညနက်ပိုင်းရောက်နေပေမယ့်သူတို့ရဲ့ပွဲ
ကအစပိုင်းသာရှိသေးသည်

"ဘုရင်ဂိမ်းဆော့ကြမယ်"

ခွက်ထဲထည့်ထားတဲ့တုတ်ချောင်းတွေ
ကိုလှုပ်ယမ်းရင်းလုဟန်ကတစ်ယောက်
ချင်းဆီကိုလိုက်နှိုက်ခိုင်းသည်

"ငါ ဘုရင်"

ဂျုံဒယ်ကအသံအောင်အောင်နဲ့ဘုရင်ဖြစ်
ကြောင်းပြောပြီးတော့ကစားပွဲရဲ့မူအတိုင်း

"နံပါတ် တစ်နဲ့သုံး တစ်မိနစ်အကြည့်ချင်း
ဆုံ"

"ဟာကွာ..."

"ဟင်း..."

နံပါတ်တစ်ကျတဲ့လုဟန်နဲ့နံပါတ်သုံးကျတဲ့
မင်ဆော့ဆီကနေထွက်လာတဲ့ညည်းညူ
သံတွေပင်

"ကဲကဲ တစ်မိနစ်ထဲပါကွာ မလုပ်ချင်ရင်
သောက်"

ဂျုံဒယ့်စကားဆုံးတော့အရှေ့မှာချထားတဲ့
ဆိုဂျူခွက်တွေကိုလျင်မြန်စွာပင်ယူသောက်
ကြတော့သည် ဒီလိုဂိမ်းဆော့မှများများ
သောက်နိုင်ကြမှာလေ

"နောက်တစ်ခေါက်..."

နောက်တစ်ကြိမ်ထပ်ပြီးနှိုက်ကြတော့
လုဟန်ကဘုရင်ကျသည် ပြီးတော့ဘေး
ချင်းကပ်ထိုင်နေတဲ့သူ့လက်ထဲကတုတ်
ချောင်းကိုဆွဲကြည့်ပြီး

"နံပါတ်နှစ်နဲ့သုံး တစ်မိနစ်တိတိလက်ကိုင်
ရမယ်"

နံပါတ်နှစ်ကသူ...ပြီးတော့နံပါတ်သုံးက

"ချန်းယောလ်..."

အမှန်တော့သူကအရက်သောက်ကြဖို့
ခေါ်ခြင်းပါ ဒါပေမယ့်ချန်းယောလ်ကသူ့
လက်ကိုတွဲပြီးခုံပေါ်တင်လိုက်သည်

သူ့ခေါင်းထဲအများကြီးတွေးမိလိုက်ပေမယ့်
ဝင်လာတဲ့မှတ်ဥာဏ်တစ်ခုကြောင့်
ချန်းယောလ်ကိုအားနာမိသွားရသည်

ချန်းယောလ်ကဆိုဂျူဆိုနှစ်ခွက်အပြင်ပိုမ
သောက်နိုင်ပေ မက်ဂျူဆိုရင်တော့ပမာဏ
တော်တော်များများထိသောက်နိုင်သည်
အခုသူတို့်ကဆိုဂျူပုလင်းတွေချည်းထုတ်
ထားမိကြတာကိုး

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now