ချန်းယောလ်နဲ့သူ ဒီနေ့ဟွန်းအာဆီ
အလည်သွားဖြစ်ကြသည် ငါးလသား
ကလေးသေးသေးလေးကိုသူလက်ကနေ
ကိုမချချင်အချိန်တွေကဖြေးဖြေးချင်းကုန်လွန်ခဲ့လေ
ပြီ အသက်သုံးဆယ်အရွယ်လူလတ်ပိုင်း
ဘဝသို့ရောက်ရှိခဲ့ပြီးနောက်ဘဝအတွေ့
အကြုံတော်တော်များများကိုလည်းလက်
တွေ့ခံစားဖူးခဲ့ပြီဖြစ်သည်"ငါ့ကလေးကိုပဲချစ်မနေနဲ့ဦး နင်လည်း
အိမ်ထောင်လေးဘာလေးပြုဦးဟဲ့"ကလေးအမေဖြစ်သူကရင့်ကျက်တဲ့လေ
သံနဲ့တရားပြသည်"ငါကလူပျိုကြီးလုပ်မှာ"
သူ့အဖြေကြောင့်ဟွန်းအာကရယ်သည်
လက်ထဲက သေးသေးလေးကလည်း
ဘာမှမသိပဲပြုံးစိစိလိုက်လုပ်နေ၏"ချစ်စရာလေးကွာ"
အသဲယားလွန်း၍အသံထွက်ကာမြူမိ
တော့ခပ်လှမ်းလှမ်းမှာရပ်နေတဲ့
ချန်းယောလ်ကလှမ်းကြည့်သည်"ချန်းယောလ် ကလေးကိုလာကြည့်စမ်း
ပါကွ အပြင်ရောက်နေတာတောင်မင်း
အလုပ်တွေကမပြီးနိုင်ဘူး"သူခပ်အောင့်အောင့်လေးအပြစ်တင်
တော့ခပ်ဖွဖွလေးပြုံးသည်"မင်းပြောသလိုချစ်စရာလေးပဲ"
သူ့ပုခုံးပေါ်သို့လက်တင်ရင်းပွေ့ချီထားတဲ့
ကလေးငယ်အားငုံ့ကြည့်သည်ချလပ်....
"ငါနှစ်ပုံရိုက်ပေးထားတယ် တစ်ပုံစီယူ
သွားကြ"ဟွန်းအာကပိုလာရိုက်ကင်မရာလေးထဲ
မှဓာတ်ပုံနှစ်ပုံအားထုတ်ပေးပြီးကမ်းပေး
သည်"နင်တို့တကယ်လိုက်တယ်"
"မစ စမ်းပါနဲ့"
မိသားစုဓာတ်ပုံရိုက်သည့်အနေအထား
မို့သူပိုရှက်ရပါသည်"နေ့လည်စာ စားပြီးမှပြန်ကြမှာမလား"
ကလေးငယ်လေးကငိုပြီမို့ဟွန်းအာက
လက်ပြောင်းယူရင်းမေးသည်"ဟင့်အင်း အခုပဲပြန်တော့မှာ ငါပြခန်း
သွားစရာရှိလို့""မင်းပြောတော့ဒီနေ့အားတယ်ဆို"
YOU ARE READING
ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)
Fanfictionကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ် တဲ့.. ကျူးလစ်ဖြူတွေရဲ့အဓိပ္ပါယ်က တစ်ဖက်သတ်အချစ်တဲ့.. CHANSOO Fanfiction(ZG+Uni) 7.10.2021 - 26.2.2022 Cover photo by @Mayalinkar