Part 10

165 43 33
                                    

နှစ်ထောင့်ဆယ့်ငါးခုနှစ်...

တက္ကသိုလ်လေးနှစ်တတ်ပြီး၍ဘွဲရပြီး
ချိန်ဖြစ်သည် ဝတ္ထုတိုလေးတွေရေးလိုက်
စာမူလေးတွေပို့လိုက်နဲ့မေမေ့ဆီကမုန့်ဖိုး
မတောင်းဘဲကိုယ့်ဟာကိုယ်သုံးနိုင်နေပြီ

ပြီးတော့အထက်တန်းကတည်းကစုထား
တဲ့ငွေနဲ့အိမ်ဝယ်ဖို့လည်းစုံစမ်းနေပြီ

မေမေတို့နဲ့နေရတာထင်သလောက်သက်
သောင့်သက်သာမရှိလှဘူး အစကတည်း
ကအိမ်ခွဲနေဖို့စိတ်ကူးရှိခဲ့လို့လား ဒါမှမ
ဟုတ်ကိုယ်ပိုင်ဝင်ငွေရှိသွားလို့မာန်တက်
မိသွားတာလား

"သားငယ် ကိုကြီးနဲ့ဆိုင်အတူတူထိုင်ဖို့
စိတ်ကူးမရှိဘူးလား သားငယ်ရဲ့အလုပ်က
ပြောသလောက်လဲဝင်ငွေမရှိဘဲနဲ့"

မေမေကထုံးစံအတိုင်းနေ့တိုင်းလိုလိုပြော
နေကြစကားကိုဒီနေ့လည်းထပ်ပြောလာ
သည်

"သားမှစိတ်မဝင်စားတာမေမေရာ"

"မေမေကသားငယ်ကောင်းဖို့ပြောနေတာ
လေ စာရေးဆရာဆိုတာတကယ်တော့
ဘာမှမဟုတ်တာကို"

မေမေကအမြဲဒီလိုပါပဲ ဖေဖေမရှိတော့လို့
ပိုပြီးကြင်နာပြပေမယ့်တကယ်တော့အရင်
ကလိုမိသာစုဂုဏ်ကိုရှေ့တန်းတင်နေဆဲ

သူတို့အသိုင်းအဝိုင်းမှာတော့သိပ်ကိုရဲရင့်
ပြီးပြတ်သားတဲ့မိန်းမတစ်ယောက်အနေနဲ့
အသိအမှတ်ပြုကြပေမယ့် သူနဲ့ကိုကြီးက
တော့အရင်ကထက်ပိုပြီးအနေအထိုင်
ဆင်ခြင်ခဲ့ရသည် တစ်ခုခုလုပ်တော့မယ်
ဆို အဖေမရှိလို့ကလေးတွေကပျက်စီးနေ
တာမျိုးအပြောမခံနိုင်ဘူး မလုပ်ရဘူး
မသွားရဘူး စသဖြင့်ပိတ်ပင်ခံရတာတွေ
ကအများကြီးတိုးလာသည်

"သားဝါသနာပါလို့အချိန်ပေးပြီးတက်ခဲ့ရ
တဲ့အရာလေမေမေရဲ့ အစကတည်းက
ဒီလုပ်ငန်းထဲဝင်ဖို့စိတ်ကူးထားရင်စီးပွား
ရေးဘွဲ့ပဲယူခဲ့မှာပေါ့"

မေမေ့မျက်နှာမှာအလိုမကျမှုတွေပေါ်လာ
တာကိုသတိထားမိသည် စားလက်စဇွန်း
ကိုလည်းဆောင့်ချလိုက်တာကြောင့်သူ
ရောကိုကြီးပါခေါင်းငုံ့ချလိုက်ကြသည်

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now