Part 4

200 49 13
                                    

ယနေ့ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ၏
ဖွင့်ပွဲနေ့ဖြစ်သည် ကျောင်းတိုင်းကျောင်း
တိုင်းကကျောင်းသူချောချောလေးတွေကို
ရွေး၍ကျောင်းနာမည်ရေးထားတဲ့ဘုတ်
ပြားတွေကိုင်စေကာအသင်းတစ်ခုစီကိုဦး
ဆောင်၍ကွင်းထဲခေါ်ဆောင်သွားစေသည် သူတို့လိုယောကျာ်းလေးတွေကတော့
ပထမဆုံးကျင်းပမယ့်ဘောလုံးပွဲအတွက်
သာအာရုံရှိနေကြသည်

"မြန်မြန်လာကြကွ နေရာမရပဲနေလိမ့်
မယ်"

ဘောလုံးကန်ရတာဝါသနာပါပေမယ့်အိမ်
ကခွင့်မပြုတာကြောင့်စာသာဖိလုပ်နေရ
တဲ့လုဟန်ခမျာဘောလုံးပွဲကိုရှေ့ဆုံးတန်း
ကနေကြည့်ချင်၍အားလုံးထက်ပင်ပျာယာ
ခက်နေသည် အစိုးရပိုင်ဘောလုံးကွင်းထဲ
မှာကျင်းပသည်မို့ကျောင်းတိုင်းလာအား
ပေးကြ၍လူတွေကအများသား

လုဟန်အလိုကျရှေ့ဆုံးတန်းရအောင်နေ
ရာဦးပြီးအကြိုဖျော်ဖြေသမျှကိုအနီးကပ်
ကြည့်ရှုနေကြသည် သူတို့ကျောင်းကိုယ်
စားပြုအနေနဲ့ဆရာတွေအားမရမကခွင့်
တောင်းကာဖွဲ့ထားတဲ့Dance clubရဲ့
Leaderနဲ့တကွဂျီဝန်းတို့လိုမန်ဘာဝင်ဆို
တဲ့ကျောင်းသူတွေဟာဂျင်းဘောင်းဘီ
အတိုလေးတွေနဲ့ခပ်ကျပ်ကျပ်အင်္ကျီလေး
တွေဝတ်ကာ SNSD နဲ့ 2NE1တို့လိုနာ
မည်ကျော်မိန်းကလေးအဖွဲ့တွေရဲ့သီချင်း
နဲ့ကကြသည်တခြားကျောင်းကယောကျာ်း
လေးတွေအတွက်ရင်သပ်ရှုမောဖွယ်ရာ
ဖြစ်စေသော်ငြားသူတို့ကျောင်းကဟာတွေ
ကအကျယ်ကြီးအော်ရယ်ကြ၍ဆရာတွေ
ကပါတားယူရတဲ့အဆင့်ပင် သူတို့အဖွဲ့
လည်းအပါအဝင်ပေါ့...

သူတို့ကျောင်းကိုယ်စားပြုဖျော်ဖြေပြီးသွား
တော့ပထမဆုံးဘောလုံးပွဲမှာသူတို့ရဲ့ပြိုင်
ဖက်အနေနဲ့မဲကျတဲ့ တစ်နည်းအားဖြင့်...
ချန်းယောလ်တို့ကျောင်းကဖျော်ဖြေရသည်
ဒရမ်တွေဂစ်တာတွေမိုက်ခ်စတန်းတွေ
လာချ၍ Bandအနေနဲ့ဖျော်ဖြေမည်ထင် သည် ကွင်းထဲကိုကောင်လေးတွေဝင်ရောက်လာချိန်မှာတော့ခုနကယောကျာ်းလေးထုရဲ့တုံ့ပြန်မှုနဲ့ဆန့်ကျင်ဘက်အနေ
ဖြင့်ကောင်မလေးတွေကသိမ်းကျုံးအော်
ကြသည် သူလည်းနားနှစ်ဖက်ပိတ်ကာ
ထိုအသံကျယ်ကြီးတွေအားဖြစ်ပေါ်စေ
သည့်သကောင့်သားတွေအားအကဲခတ်
ရန်လှမ်းအကြည့်...

ကျူးလစ်ဖြူတမ်းခြင်း(ကျူးလစ်ဖြူတမ်းခြင်း)Where stories live. Discover now