#Unicode
ပြတင်းပေါက်က လွင့်စင်လာတဲ့ မိုးရေစက်များကြောင့် ကျွန်တော်လုပ်လက်စ အလုပ်ကို ရပ်တန့်ခဲ့တယ် ။ လက်ကိုအပြင်ဘက်ဆန့်ထုတ်ပြီး မိုးရေစက်လေးတွေရဲ့ အထိအတွေ့ကို ခံစားနေမိတယ် ။ ကျွန်တော့်ဘ၀ဟာလည်း ဘယ်အချိန်များမှ ဒီလို မိုးစက်လေးတွေလို အေးချမ်းနိုင်မလဲ ။
-------------------------------------------------------
' ဆရာလေးရဲရောဂါက အဆင့် ၃ ရောက်နေပြီ။ အလွန်ဆုံး ၅ လလောက်ပဲ အချိန်ရတော့မှာ ကျွန်တော်လည်း စိတ်မကောင်းပါဖူးဗျာ။ '' ဗျာ အဆင့် ၃ မ...မဖြစ်နိုင်တာ ဟိုတစ်ခေါက် ဆေးစစ်တုန်းကတောင် ဘာရောဂါမှမရှိဖူးလို့ ပြောခဲ့တယ်မလား Doctor '
Doctor : ဟုတ်ပါတယ် ။ ကျွန်တော်တို့ဆေးစစ်ချက်မှာအမှားအယွင်းရှိနေခဲ့တာပါ။ အဲ့အတွက်ကြောင့်လည်း အနူးအညွတ်တောင်းပန်ပါတယ် ဆရာလေး ။ လက်မခံနိုင်သေးဖူးဆိုတာသိပေမဲ့ ဒီရောဂါက ခွဲစိတ်ကုသမှဖြစ်မှာမို့ အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးဖို့ လိုအပ်ပါတယ် '
' ကျွန်တော် စဉ်းစားပါရစေဦး ပြီးတော့ ခွဲစိတ်ကုသလိုက်ရင် ကျွန်တော် မသေတော့ဖူးလား '
Doctor : အဲ့..အဲ့တာက
'ပြောလိုက်စမ်းပါ ခွဲစိတ်ကုသမှုလုပ်ရင်တောင် ကျွန်တော်က သေရမှာပါလို့ ၅ လပဲ အသက်ရှင်ခွင့်ရလဲ ဘာဖြစ်လဲ ကံ စီမံရာ အတိုင်းပဲပေါ့ ကျွန်တော့်ကို ခွင့်ပြုပါဦး '
-------------------------------------------------------
အတွေးတွေကို ခေါင်းထဲကထုတ်ပြီး အိပ်ယာ၀င်ဖို့ ပြင်လိုက်ပေမဲ့ ဒီအသုံးမကျတဲ့အတွေးတွေက ဆက်တိုက် နှောင့်ယှက်နေတုန်းပဲ ဘာလို့လဲ ဘာလို့ကျွန်တော့ကိုမှ ဒီလိုဆိုးရွားတဲ့ ကင်ဆာရောဂါကြီးကို ဖြစ်စေရတာလဲ မတရားဖူး ဘ၀ကို အကောင်းဆုံးကြိုးစားရှင်သန်ခဲ့တဲ့ ကျွန်တော့်ကိုမှ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ ။' Arr...Shit !!!! ရှင်းဂျယ်ယွန်း မင်းဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ '
စိတ်ပေါက်ပေါက်နဲ့ အပေါ်ထပ်အကျီသာယူပြီး အပြင်ထွက်လာခဲ့တယ် ။ မိုးစဲသွားပြီမို့ မြေသင်းနံ့လေးဟာ နေရာအနှံ ။ ကျွန်တော် လက်ဆတ်တဲ့ မြေသင်းနံ့လေးကို တစ်၀ကြီးရှူ
သွင်းပြီး ဟန်မြစ်ကမ်းဘက်ထွက်လာခဲ့တယ် ။ ဒီလိုအချိန် ဟန်မြစ်ကြီးကသာ ကျွန်တော့်ရဲ့ရင်ဖွင့်ရာ ။
YOU ARE READING
Little's Poem [ SUNGJAKE ]