~ ကျွန်တော့်ရဲ့တစ်ဦးတည်းသော နတ်ဆိုးကြီး Park Sunghoon ~
" ဂျယ်ယွန်းလေး ဗိုက်ဆာနေပြီလား "
" အွန်း "
တစ်လုံးတည်းသာ ပြန်ဖြေသည့် အဖြူရောင်လေးဟာ ကျွန်တော့်အိမ်ကို ပတ်ကြည့်နေတယ်ထင်၏ ။ တစ်ကယ့် ကလေးစိတ်လေး ။ ကြည့်နေပါ ခဏနေရင် မေးခွန်းတွေတစ်ပုံကြီးနဲ့ ကျွန်တော့်ဘေး ရောက်လာတော့မည် ။
" နတ်ဆိုးကြီးရေ "
ကဲ တွေ့လား ကျွန်တော်ပြောပါတယ် ။ ဘေးနားပြန်ရောက်လာလိမ့်မယ်လို့ ။
" မေးချင်တာနောက်မှမေးတော့ ခွေးပေါက်လေး ခုဝောာ့ထမင်းစားရမယ် "
" အွန်း အွန်း အာ့ဆို ပြီးမှမေးတော့မယ် "
ခေါင်းမဖော်ပဲစားနေသော အသည်းပေါက် ။ ဒီကောင်လေးက အစားအသောက်နဲ့ပတ်သတ်လာရင် ဘယ်တော့မှမငြင်းပါ ။ ဒါလေးကလည်း သူရဲ့ချစ်စရာကောင်းတဲ့အချက်လေးတစ်ခုဖြစ်မယ်ထင်ပါရဲ့ ။
" ကောင်းကောင်းစားခဲ့ရပါတယ် နတ်ဆိုးကြီးကျွန်တော် ဒါတွေသိမ်းလိုက်မယ် "
" ထားပါ ဂျယ်ယွန်းလေးရယ် ကိုယ်ပဲလုပ်လိုက်မယ် ရုံးလည်းတက်ခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပေါ့ "
" မရပါဖူး နတ်ဆိုးကြီးက ဟင်းချက်ပေးထားလေ အာ့ကြောင့် ဒါတွေကျွန်တော်ပဲလုပ်လိုက်မယ် "
" ကဲ အာ့တာဆိုလည်းပြီးရော ကိုယ်စောင့်ပေးမယ် "
" အင်း "
အကုန်လုံးသိမ်းဆည်းပြီးသွားတော့ပင်ပန်းသွားတယ်ထင်ပါရဲ့ ။ Sofa ပေါ်ထိုင်ပြီး အမောဖြေနေလေသည် ။
" ဂျယ်ယွန်းလေး ဒီနေ့ ကိုယ့်အိမ်မှာပဲအိမ်လိုက်တော့နော် နောက်ကျနေပြီ "
" ဟုတ် အဲ့လိုပဲလုပ်လိုက်တော့မယ်လေ ဒါနဲ့ ကျွန်တော့်ကိုရေချိုးခန်းပေးသုံးလို့ရလားဟင် ခြေလက်သန့်စင်ချင်လို့ "
" ရတာပေါ့ ဂျယ်ယွန်းလေးရဲ့ ကိုယ့်အခန်းထဲက Bathroomကိုသုံးလိုက်နော် တစ်ခြားအခန်းတွေက ရေပိုက်ပျက်နေလို့ အဟမ်း "
" အော် ဟုတ် ဟုတ် "
အူလည်လည်လေးနဲ့ အခန်းထဲ၀င်သွားတဲ့ အသည်းပေါက် ။ မေ့နေတာ ဂျယ်ယွန်းလေးမှာ အကျီမပိုမှမပါပဲ ။ ကျွန်တော့်အကျီပဲထုတ်ပေးလိုက်ပါမယ်လေ ။
BINABASA MO ANG
Little's Poem [ SUNGJAKE ]