Part ( 11 )

340 57 39
                                    

     ~ ‌ကိုယ့်နုလုံးသားလေးကိုထားခဲ့ပြီး အဝေးကိုထွက်သွားနိုင်ပါ့မလား ~

" ထွက်သွား "

" ဂျယ်..ဂျယ်ယွန်းလေး ဘယ်လိုပြောလိုက်တာလဲ ကိုယ့်ကိုစိတ်ကောက်နေတာလား ကိုယ်တောင်းပန်..... "

" ခင်ဗျားကိုထွက်သွားလို့ပြောနေတယ်လေ!! "

" မသွားနိုင်ဖူး ကိုယ်မင်းဘေးကနေဘယ်ကိုမှမသွားနိုင်ဖူး မင်းကိုကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်လေ "

" မလိုဖူး အဲ့အသုံးမကျကတိတွေရော ခင်ဗျားကို‌ရော မလိုအပ်တော့တာမို့ ကျွန်တော့်ဆီက ထွက်သွားပေးပါ "

ကျွန်တော့်အားထွက်သွားဖို့ပြောနေရင်းနဲ့ပင် ငိုနေသော ချစ်သည်းငယ်ကြောင့် ဘာမှပြန်မပြောတော့ပဲ ရင်ခွင်ထဲသာထည့်ထားမိသည် ။

" တောင်းပန်ပါတယ် ကျွန်...ကျွန်တော့်ဘေးကထွက်သွားပေးပါ "

ထိုသို့​ပြောနေပေမဲ့ ကျွန်တော့်အကျီစအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ချစ်သည်းငယ် ။ မင်းအနားမှာ ရှိစေချင်ရက်နဲ့ ဘာလို့ထွက်သွားခိုင်းနေတာလဲ ချစ်သည်းငယ်ရာ ။

" ထွက်...ထွက်သွားပေးပါ ဟင့် ကျွန်တော်တောင်းဆိုပါတယ် "

" ချစ်သည်းငယ် မငိုနဲ့တော့ ကိုယ်မင်းဘေးက ဘယ်ကိုမှ ထွက်မသွားဖူးဆိုတာယုံနော် "

" ဟင့်အင်း ခင်..ခင်ဗျားထွက်သွားမှဖြစ်မယ် လူသားအဖြစ် ဟင့်.. အသက်ဆက်ရှင်နိုင်ဖို့ခင်ဗျား ထွက်...ထွက်သွားမှဖြစ်မယ် "

" ချစ်သည်းငယ် ဒါတွေဘယ်လိုသိနေတာလဲ "

" ကျွန်တော့်အတွက်လေ တန်ဖိုးအရှိဆုံးအရာက နတ်..နတ်ဆိုးကြီးပဲ သိလား ဟင့်... အဲ့တာကြောင့် နတ်ဆိုးကြီးအရမ်းလိုချင်နေတဲ့လူသားဘ၀ကိုပိုင်ဆိုင်ဖို့ ကျွန်တော့်ဘေးက ထွက်...ထွက်သွားလိုက်ပါ "

" Zen နဲ့တွေ့ခဲ့တာလား "

" ကျွန်တော့်ကြောင့် နတ်ဆိုးကြီးက ဟင့်.... တောင်း..တောင်းပန်ပါတယ် ဒါ..ဒါ‌တွေအကုန်လုံးက ကျွန်တော့်ကြောင့် အီးဟီး ကျွန်တော့်ကို မုန်း..မုန်းသွားပြီလားဟင် "

Little's Poem [ SUNGJAKE ]Onde histórias criam vida. Descubra agora