Part ( 6 )

419 71 59
                                    

~ဆောင်းဦးရာသီမှာ သစ်ရွက်လေးတွေ ကြွေကျနေသလို ရင်ခုန်သံတွေဟာလည်း အဆက်မပြတ်ဖြစ်ပေါ်ခဲ့တယ် ~

" ယွန်းငယ်ရေ ဒီနေ့အလုပ်ဆင်းရမှာမလား ထတော့လေကွာ "

" ခဏလေးပဲ ငါးမိနစ်ပဲနော် "

" ကဲ ဒီအိပ်ပုတ်လေးကတော့ ဟုတ်ပါပြီဗျာ အဲ့တာဆို ကိုယ်မနက်စာသွားပြင်လိုက်ဦးမယ်နော် "

ကျွန်တော်လည်း မနက်စာပြင်ပေးဖို့ထွက်လာခဲ့သည် ။ အရမ်းအသည်းယားစရာကောင်းအောင် အိပ်နေတာမို့ မနှိုးရက်ခဲ့ ။ ဂျယ်ယွန်းလေးဟာ ပြုစားနိုင်လွန်းသည် ။

မနက်စာကို သူ ကြိုက်တတ်တဲ့ အစားအစာလေးတွေပဲ ပြင်ဆင်ထားလိုက်သည် ။ နာရီကိုကြည့်မိလိုက်တော့ 7:30 ။ ဆယ့်ငါးမိနစ်တောင်ကျော်နေပြီဖြစ်သော်လည်း ကျွန်တော့်အိပ်ပုတ်လေးမှာ ခုချိန်ထိ မထလာသေး ။

" ကလေးရေ နောက်ကျနေပြီ ထတော့လေကွာ အခုမှမထရင် ကိုယ်စိတ်ဆိုးမှာနော် "

" အမယ် ကျွန်တော်က နတ်ဆိုးကြီးကိုကြောက်ရမှာလား ဆုတောင်းလေ "

မျက်လုံးမပွင့်တပွင့်လေးနဲ့ပြောလာသော ကလေးငယ် ။ ဟာကွာ ရူးတော့မှာပဲ ။

" မထသေးဖူးပေါ့ အိုကေလေ "

ကလိထိုးလိုက်တော့ ပြုံးရီပြီး ကျွန်တော့်ဆီက ရုန်းနေသော အသည်းပေါက် ။ လွှတ်ပေးဖို့အစီအစဉ်မရှိ ။ ခွေးပေါက်လေးလို ချစ်ဖို့ကောင်းလွန်းနေတာမို့ ။

" ခိခိ  နတ်ဆိုးကြီး တော်တော့လို့ ယားတယ်ဆိုနေ "

" မင်းလေးပဲပြောတော့မကြောက်ဖူးဆို "

" အင်းအင်း ကြောက်တယ်လို့ ရပ်တော့နော် "

ထွက်ပြေးဖို့ကြံနေသော အသည်းပေါက်လက်ကိုဖမ်းဆွဲလိုက်တော့ ကျွန်တော့်ပေါ် ပြိုကျလာသော ကိုယ်ငယ်လေး။

ဆောင်းဦးရာသီမှာ သစ်ရွက်လေးတွေ ကြွေကျနေသလို ရင်ခုန်သံတွေဟာလည်း အဆက်မပြတ်ဖြစ်ပေါ်ခဲ့တယ် ။

သူ့ကိုကြည့်မိလိုက်တော့ ချမ်းအေးလွန်းတဲ့ ဆောင်းနံနက်ခင်း နဲ့ နီရဲနေသော ပါးပြင်လေးတွေဟာ လိုက်ဖက်လျက် ။

Little's Poem [ SUNGJAKE ]Tempat cerita menjadi hidup. Temukan sekarang