Part ( 10 )

289 54 20
                                    

      ~ အမြဲနောက်ကျမှ ရောက်လာခဲ့မိလို့ ကိုယ်တောင်းပန်ပါတယ် ချစ်သည်းငယ် ~

နတ်ဘုရား Zen ရဲ့စကားကြောင့် စိတ်တိုသွားတာတော့အမှန်ပင် ။ စိတ်ထားဖြူစင်တဲ့ ကလေးလေးကို ဘာလို့အဆိုးဆုံးအရာတွေပေးခဲ့ရမှာလဲ ။

" ဂျယ်ယွန်းလေးနဲ့ဘာဆိုင်လို့လဲ ပြီးတော့ ဘာလို့ တစ်လလဲ "

" မင်းမသိသေးဖူးပဲကို ရှင်းဂျယ်ယွန်းဆိုတဲ့လူသားမှာ ကင်ဆာရောဂါရှိတယ် အသက်ရှင်ဖို့ အလွန်ဆုံး နှစ်လလောက်ပဲ ကျန်တော့မှာ "

ကင်ဆာ...ကျွန်တော့်ဂျယ်ယွန်းလေးမှာ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးဖြစ်နေတာလား ။ ဘာလို့...ဘာလို့မသိခဲ့ရတာလဲကွာ ။ ချစ်တယ်ပြောပြီး ကလေးငယ်ဆီက နာကျင်ခံစားနေရတဲ့အရာကိုတောင်မသိတဲ့ ကျွန်တော့်ကို ကျွန်တော်မုန်းမိသည် ။

" ပြီးတော့ မင်း နတ်ဆိုးအဖြစ်မွေးဖွားလာတဲ့ တစ်ခုတည်းသော အကြောင်းရင်းကသူပဲ  မင်းတို့နှစ်ယောက်က ဘယ်လိုမှအတူမရှိနိုင်ဖူး ဒါမင်းတို့ လောကကြီးမှာ ဖြစ်တည်လာကတည်းက သတ်မှတ်ထားတဲ့ ကံကြမ္မာ "

" မြူမှုန်တစ်ခုအဖြစ်ပျောက်ကွယ်သွားမလား နောက်ဆုံးတာ၀န်ကို အောင်မြင်အောင် ဆောင်ရွက်မလား မင်းဘာကိုပဲရွေးရွေး ရှင်းဂျယ်ယွန်းကသေရမဲ့သူပဲ အဲ့တာကြောင့် မင်းသေချာစဉ်းစားဆုံးဖြတ် "

ပြောပြီးပြီးချင်း ကျွန်တော့်ရှေ့က ပျောက်ကွယ်သွားသော နတ်ဘုရား Zen ။ "မင်းတို့နှစ်ယောက်ကအတူရှိနိုင်မှာမဟုတ်ဖူး " ထိုစကားကိုသာ ထပ်ခါတစ်လဲလဲကြားနေမိသည် ။

ဘာလို့ ကျွန်တော့်တို့နှစ်ယောက်ကိုမှ ကံကြမ္မာဆိုးကြီး ဖြစ်လာခဲ့တာလဲ ။

တန်ဖိုးအရှိဆုံးအရာတွေကိုယူပြီး လူသားအဖြစ်နေသွားလို့ရပေမဲ့ ဂျယ်ယွန်းလေးဖြစ်နေတာမို့ ထိုသို့မလုပ်နိုင် ။ အသက်မဲ့စွာနေသွားရမဲ့ ကျွန်တော့် ချစ်သည်းငယ်အပေါ် တစ်ကိုယ်ကောင်းဆန်နိုင်တဲ့အထိ ကျွန်တော်အသည်းမမာပါ ။

ကိုယ်ပြောခဲ့တယ်မလား မင်းကကိုယ့်ရဲ့ အရာအားလုံးမို့ ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ကိုယ်ကပဲ ပျောက်ကွယ်သွားပေးမယ် ။ အသေချာဆုံး ဆုံးဖြတ်ချက်တစ်ခုချပြီး ဂျယ်ယွန်းလေးဆီ ထွက်လာခဲ့လိုက်သည် ။

Little's Poem [ SUNGJAKE ]Unde poveștirile trăiesc. Descoperă acum