Part ( 18 )

491 46 7
                                    

အိမ်ပြန်ရောက်တော့ ခြေလက်ဆေးပြီးအိပ်မယ်ကြံလိုက်ပေမဲ့ ဘယ်လိုမှအိပ်မရခဲ့။

အခုချိန်မှာ ကျွန်တော့်စိတ်တွေက ပုံမှန်မဟုတ်တာတော့အမှန် ။

မနေ့တစ်နေ့ကလေးတင် ကင်ဆာဖြစ်ပြီး လပိုင်းလောက်ပဲ အသက်ရှင်ရမဲ့သူက အခုချက်ချင်းကြီး ပြန်ကောင်းသွားတယ်ဆိုတာ ဖြစ်နိုင်လို့လား ။

ငါ လူမှဟုတ်သေးရဲ့လား ။

ဒါမှမဟုတ် မွေးကတည်းက အစွမ်းတစ်ခုခုများရှိနေခဲ့တာလား ။

Shit!!! အသုံးမကျတဲ့ဦးနှောက် ။ ပေါက်တတ်ကရ အတွေးတွေပဲထွက်လာတယ် ။

မထူးတော့တဲ့အဆုံး အိပ်ဆေးသောက်ပြီးသာအိပ်လိုက်တော့တယ် ။

မဟုတ်ရင် အတွေးပေါင်းစုံနဲ့ နောက်ဆုံးကျရင်တော့ တစ်ယောက်သောသူဆီပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေဦးမှာ ။

မရှိတော့တဲ့သူကို အပင်ပန်းခံပြီးလွမ်းမနေဖို့ ဒီတစ်နည်းပဲရှိတာလေ ။

〰️

မနက်စောစောစီးစီး ဖုန်းသံကြားတာဖို့ လှမ်းကြည့်စရာမလိုပဲ တန်းသိလိုက်တယ် ။

ဘယ်သူဖြစ်ရလဲ ။ နှစ်ယောက်မရှိတဲ့ ဟိုပတ်ဂျုံဆောင်း ။

တစ်နေ့ကိုသုံးလေးခါလောက်ဆက်နေတာ မသိရင် သူ့ရည်းစားကျနေတာပဲ ။

" ပြော ဘာလဲ "

" Blind Date လုပ်ဖို့ "

" ဟမ် မင်း ဂျောင်၀န်းနဲ့ပြတ်သွားပြီလား "

" လွဲပါစေ ဖယ်ပါစေ ဘာကိစ္စပြတ်ရမှာလဲ Blind Date ကမင်းအတွက်ကွ "

ထင်တော့ထင်သား ။ ဖုန်းလှမ်းဆက်တိုင်းဒါတွေကြီးပြောနေတာ ။ တစ်ခါငြင်းလဲမရ နှစ်ခါငြင်းလဲမရနဲ့ ။

စေတနာတွေ ပိုလျှံနေတာကြောက်ဖို့တောင်ကောင်းတယ် ။

" ငါ့ကို မင်းမွေးထားတဲ့ သားလေးများမှတ်နေလားဟင် တစ်ခါလာလည်း ဒိတ်ဖို့ပဲပြောနေတယ် မသွားဖူးကွာ "

" မရဖူး ဒီတစ်ခေါက် မင်းသွားရမယ် ငါအကုန်ချိန်းပြီးသား "

" ဟမ် ပတ်ဂျုံဆောင်း ဇွတ်တရွတ်တွေမလုပ်နဲ့နော် "

You've reached the end of published parts.

⏰ Last updated: Jun 01, 2022 ⏰

Add this story to your Library to get notified about new parts!

Little's Poem [ SUNGJAKE ]Where stories live. Discover now