#Unicode
စာရွက်ဖြူလေးတစ်ခုအား အမှတ်မရှိစွာ ထပ်ခါထပ်ခါပြန်ဖတ်နေတဲ့ ရှင်းမ်ဂျယ်ယွန်း ။ ဖြူရော့ရော့ဖြစ်နေတဲ့မျက်နှာမှာလည်းမျက်ရည်တွေဟာ နေရာယူလျက် ။
" ဘာလို့ ကျွန်တော့်အပေါ် ဒီလိုတွေလုပ်နေကြတာလဲဗျာ ဘာလို့ ကျွန်တော့်ကိုမှလဲ "
အဖြေမရှိတဲ့မေးခွန်းတွေကို ဆက်တိုက်မေးနေမိတဲ့သူ ။ အမှန်ဆို သူလိုချင်နေတာ အဖြေတစ်ခုမှမဟုတ်ပဲ ။ ရင်နင့်အောင် ချစ်ရတဲ့နတ်ဆိုးကြီးရဲ့ နှစ်သိမ့်မှုစကားသံတွေလေ ။
" ဘာလို့ပြန်မဖြေတာလဲ ကျွန်တော်ခေါ်လိုက်ရင် ချက်ချင်းရောက်လာတဲ့ ခင်ဗျားအခုဘယ်မှာလဲ ကျွန်တော်ခင်ဗျားကိုလိုအပ်နေပြီလေဗျာ "
အခန်းအပြင်ဘက်ကို ပြေးထွက်သွားတဲ့သူ့နောက်မှာ မျှော်လင့်နေတဲ့ တစ်စုံတစ်ယောက်ဟာလိုက်မလာခဲ့ပါ ။
ပင်လယ်ကမ်းစပ်ကိုကျော်ကာ ရေနက်ပိုင်းထိသွားနေတဲ့ သူ့ကိုတားမဲ့သူလည်းမရှိခဲ့ ။
" ကျွန်တော်ကိုယ့်ကိုကိုယ် သတ်သေလိုက်မှာ ကျွန်...ကျွန်တော်သေရင် ခင်ဗျား ကျွန်တော်နဲ့နောက်ထပ်တွေ့ရတော့မှာမဟုတ်ဖူးနော် အဲ့ဒါကြောင့်ပြန်လာခဲ့ "
ဒီကောင်လေးဟာ ရူးနှမ်းလွန်းတာလား ။ ပြန်မလာတော့မဲ့တစ်စုံတစ်ယောက်အတွက် သူ့အသက်ကိုပါပေးမယ်တဲ့လား ။ ဒါ အများအမြင်မှာအချစ်ကြီးတာမဟုတ်ပဲ ရူးနေတာလေ ။
ကမ်းခြေနားလမ်းလျှောက်နေတဲ့ လူတစ်ချို့ကလည်း အရုပ်ကြိုးပျက်ကျသလို ငိုနေတဲ့သူ့ကို သနားမဲ့အစား ခေါင်းတစ်ခါခါ နှာတစ်ရှုံ့ရှံ့ ။
လှောင်လိုက် ။ သေအောင်သာလှောင်လိုက် ။ အသက်ရှင်သန်ရာအကြောင်းအရင်းမရှိတော့တဲ့ သူကိုလှောင်တော့ရောဘာရကြမှာမို့လဲ ။
ငိုနေရင်းနဲ့ နှုတ်ခမ်းတွေကွေးတက်သွားအောင်ပြုံးနေပြန်တဲ့ သူဟာ တစ်ခြားသူတွေအရူးလို့ ထင်လည်းထင်ချင်စရာ ။
ဒါပေမဲ့ ဘာအရေးလဲ ။ အဓိကက ကျွန်တော်တို့နှစ်ယောက်အတူရှိနိုင်ဖို့ပဲမလား ။ ခဏပဲစောင့် ။ ကျွန်တော်ခင်ဗျားဆီလာခဲ့မယ် ။
YOU ARE READING
Little's Poem [ SUNGJAKE ]