~ အသေးစိတ်ရေးဆွဲထားတဲ့ ပန်းချီကားချပ်ငယ်လို လှပနေတဲ့ သူတို့နှစ်ယောက် ~
ဂျုံဆောင်းတို့နဲ့သာစကားပြောနေတာ အကြည့်တွေကတော့ ကျွန်တော့်အသည်းပေါက်လေးဆီမှာ ။ ကလေးတွေနဲ့ကစားနေတဲ့ ဂျယ်ယွန်းလေးဟာ လွတ်လွတ်လပ်လပ်နှင့် အေးချမ်းနေပုံရသည် ။
သို့သော် ကျွန်တော့်အားတစ်ချက်ကြည့်ပြီး ပြေးထွက်သွားသော ဂျယ်ယွန်းလေးနှင့် အမှတ်မထင်မြင်လိုက်ရသော မျက်ရည်စလေးတွေတွဲခိုနေတဲ့ မျက်၀န်းတစ်စုံ ။ ဂျယ်ယွန်းတစ်ယောက်တည်းကိုပဲ မျှော်ကြည့်နေတဲ့ ကျွန်တော့်အတွက်တော့ ဒီကောင်လေးမျက်နှာတစ်ချက်ပျက်တာနဲ့ ရင်ထဲမှာပူလောင်ရသည် ။
" ကိုယ့်ကလေးလေး ငိုနေတာလားကွာ "
စိတ်ကူးနဲ့တင် ကျွန်တော့်ကို နာကျင်စေသည် ။ ဂျယ်ယွန်းလေးဦးတည်ရာကို လိုက်လာခဲ့တော့ တွေ့လိုက်ရတာက ပန်းခင်းကြီးထဲ ၀င်သွားသော အရိပ်ကလေးတစ်ခု ။ ဂျယ်ယွန်းလေးများဖြစ်နေမလားဆိုတဲ့ အတွေးကြောင့် ထိုပန်းခင်းကြီးထဲ လိုက်၀င်သွားမိသည် ။
သို့သော် မျက်စိရှေ့တွင် မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျွန်တော့်အားအရူးတစ်ပိုင်းဖြစ်သွားအောင် စွမ်းဆောင်နိုင်သည်နှင့် တူသည် ။
ပန်းခင်းကြီးထဲ ငုတ်တုတ်ထိုင်လျက် ငိုနေသော ဂျယ်ယွန်းလေးကြောင့် ဘာတစ်ခုမှ မတွေးနိုင်တော့ပဲ ထိုလူသားငယ်အား တင်းတင်းကျပ်ကျပ်သာဖတ်ထားမိသည် ။
မင်းရဲ့ မျက်ရည်စတွေကြား ကိုယ့်နှလုံးသားငယ်ဟာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲပျက်စီးနိုင်တယ်ဆိုတာကို မင်းယုံပါစေ ချစ်သည်းငယ် ။
ရင်ခွင်ထဲမျက်နှာအပ်ကာငိုနေတဲ့ ကလေးငယ်က ကြောက်တယ်ဆိုတဲ့ စကားကိုသာ ထပ်ခါတစ်လဲလဲပြောနေသည် ။ ဘာတွေများအဲ့လောက်တောင် ကြောက်နေရတာလဲ ချစ်သည်းငယ်ရာ ။ ကိုယ်ရင်တွေလည်း စုတ်ပြတ်သတ်အောင် နာကျင်လှပါပြီ ။
" ကျွန်တော်...ကျွန်တော် ကြောက်တယ် "
" ကိုယ်မင်းဘေးနားမှာ ရှိနေတယ်လေ ချစ်သည်းငယ် "
![](https://img.wattpad.com/cover/285039583-288-k308845.jpg)
ESTÁS LEYENDO
Little's Poem [ SUNGJAKE ]