Part ( 16 )

261 43 3
                                    

ဟိုတယ်ကိုရောက်တော့ ဝန်ထမ်းတွေရဲ့အပြောကိုတောင်မစောင့်ပဲ အခန်းထဲပြေးသွားတဲ့ ဂျယ်ယွန်း ။ မျက်နှာမှာလည်း ဇောချွေးတွေအပြည့် ။

" ဒီ...ဒီနားမှာ ထားထားတဲ့စာရွက်လေးရော ဘယ်မှာလဲ ဘယ်မှာလဲလို့မေးနေတယ်လေ!! "

လူတစ်ယောက်ကို အော်ဖို့နေနေသာသာ အသံမာမာနဲ့တောင်မပြောတတ်တဲ့ ရှင်းမ်ဂျယ်ယွန်းကအခုဒီစာရွက်လေးကြောင့် ဝန်ထမ်းတွေကို ဒေါသတကြီးပြောဆိုအော်ဟစ်နေတယ်တဲ့လား ။

" စိတ်လျှော့ပါ အကိုရယ် စာရွက်လေးကဒီမှာပါ အကို၀င်လာကတည်းပေးမလို့ပါပဲ "

၀န်ထမ်းကောင်လေးလက်ထဲကနေ စာရွက်ကိုဖြတ်ကနဲဆွဲယူသွားတဲ့ ရှင်းမ်ဂျယ်ယွန်း....

" ဂျယ်ယွန်းဟျောင်း ဘာဖြစ်.... "

ဂျောင်၀န်းအမေးကိုတောင် ဆုံးအောင်နားမထောင်ပဲ တန်းထွက်သွားသော ဂျယ်ယွန်း ။

" ကိုကို ဂျယ်ယွန်းဟျောင်းကဘာဖြစ်နေတာလဲဟင် ကျွန်တော့်ကိုလည်းမခေါ်ဖူး "

" မခေါ်တာမဟုတ်ပါဖူး ၀န်းငယ်ရာ သူနေမကောင်းလို့စိတ်မကြည်တာနေမှာပဲ စိတ်ထဲမထားနဲ့ "

" ကျွန်တော်ကရပါတယ်ကိုကိုရယ် ဂျယ်ယွန်းဟျောင်းကိုပဲ စိတ်ပူတာ ဒါနဲ့ဆောင်းဟွန်းဟျောင်းရော "

" မနက်အစောကြီးပြန်သွားပြီလေ သူအလုပ်ကိစ္စတစ်ခုအတွက်သွားစရာရှိတယ်ထင်ပါတယ် "

" ဟွန်း ဟျောင်းကလည်းကျွန်တော်တို့ကိုတောင် နှုတ်မဆက်သွားဖူး "

" ကဲလာပါ ၀န်းငယ်ရာ ဂျယ်ယွန်းစောင့်နေတာကြာပြီထင်တယ် "

ဂျယ်ယွန်းပုံမှန်မဟုတ်တာ ဆောင်းဟွန်းကြောင့်လည်းပါမယ်ထင်တယ် ။ အာ...မဟုတ်တာ ။ မဖြစ်နိုင်ဖူး ။ ဆောင်းဟွန်းကသူ့ကိုသိပ်ချစ်တာလေ ။ ဂျယ်ယွန်းစိတ်ဆင်းရဲအောင်တော့မလုပ်လောက်ပါဖူး ။

ရုပ်တိမရှိတဲ့အတွေးတွေကိုဖျောက်ပြီး သူငယ်ချင်းဂျယ်ယွန်းရှိရာဆီသာ အမြန်သွားလိုက်ရတယ် ။

" ဂျယ်ယွန်း ကားပေါ်တက်လေ ပြန်မယ် "

ဂျုံဆောင်းရဲ့အပြောကို နားမလည်သလိုနဲ့ မေးခွန်းတောင်ပြန်မေးလိုက်တဲ့ ဂျယ်ယွန်း...

Little's Poem [ SUNGJAKE ]Where stories live. Discover now