Part ( 5 )

465 81 38
                                    

~ မျက်ရည်သုတ်ဖို့တောင်မေ့နေတဲ့အထိခင်ဗျားဆီက ဂရုစိုက်မှုကို ကျွန်တော်တောင်းတမိတယ် ~

ဂျွန်းဆော့ Hyung နဲ့တွေ့ပြီး အိမ်သို့ပြန်လာခဲ့သည် ။ ကံကောင်းတယ်လို့ ပြောရမလား CEO အသစ်က Hyungတဲ့လေ ။

ဂျွန်းဆော့ Hyungနဲ့ကျွန်တော်က အိမ်နီးချင်းတွေ ။ အရမ်းခင်ခဲ့ကြတာ ။ ကျွန်တော် အထက်တန်းနှစ်ရောက်တော့ Hyungက အမေရိကကိုပြောင်းသွားခဲ့သည် ။ ဒီနေ့မှပြန်ပြီး အဆက်သွယ်ရခဲ့တာ ။

ဘာပဲဖြစ်ဖြစ် CEO အသစ်က အစ်ကိုလို ခင်ရတဲ့ Hyungမို့ စိတ်အေးရသည် ။ မဟုတ်လျှင် ကျွန်တော့်လို လက်ပေါက်ကပ်တဲ့စာရေးဆရာနဲ့ အဆင်ပြေနိုင်မည်မဟုတ် ။

" နတ်ဆိုးကြီးရေ ကျွန်တော်ပြန်ရောက်ပြီ "

အိမ်ထဲ၀င်လာတော့ Sofaပေါ်မှာထိုင်ပြီး TV ကြည့်နေသည့် နတ်ဆိုးကြီး ။ ကျွန်တော်နှုတ်ဆက်လိုက်တော့ တစ်ချက်သာကြည့်ပြီး အိပ်ခန်းထဲ၀င်သွားသော သူ ။ ကျွန်တော်လည်း ပင်ပန်းနေပြီဖြစ်တာမို့ ဘာမှမပြောတော့ပဲ ရေချိုးဖို့သာပြင်ခဲ့ရသည် ။

" နတ်ဆိုးကြီးရေ ညစာပြင်ပြီးပြီ ထွက်လာခဲ့တော့ "

နေ့လည် ကျွန်တော်ပြန်ရောက်လာကတည်းက အခန်းအောင်းနေသော ထိုနတ်ဆိုးကြီး ။ မနက်ဖြန်အလုပ်သွားဖို့ လိုအပ်တာတွေ ပြင်ဆင်နေတာကြောင့် နတ်ဆိုးကြီးနဲ့ စကားမပြောဖြစ် ။

အခုတော့သေချာမေးမှရတော့မည် ။ ပုံမှန်ဆို ကျွန်တော့်အတွက်ညစာပြင်ပေးနေကြ ထိုသူက အခန်းအောင်းနေတာ ကိစ္စတစ်ခုခုရှိလို့ပဲနေမည် ။

" နတ်ဆိုးကြီးရေ တံခါးဖွင့်ပေးပါဦး "

ဆောင့်အောင့်အောင့်နဲ့ပြောလိုက်တော့မှ တံခါးဖွင့်ပေးခဲ့သည် ။ အိပ်ခန်းထဲ၀င်သွားလိုက်တော့ ကျွန်တော့်အား နောက်ကျောပေးထိုင်နေသော နတ်ဆိုးကြီး ။

ကျွန်တော်လည်း ဘေးမှာရှိတဲ့ ခုံတစ်လုံးကို ဆွဲယူပြီး နတ်ဆိုးကြီးနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်လေသည် ။ ဒါတောင် နတ်ဆိုးကြီးက ကျွန်တော့်ကို နည်းနည်းလေးမျှမကြည့်ခဲ့ ။

Little's Poem [ SUNGJAKE ]Tempat cerita menjadi hidup. Temukan sekarang