Part ( 12 )

311 54 21
                                    

" ဂျယ်ယွန်းလေး ကိုယ်သွားရတော့မယ် "

" ဘယ်...ဘယ်သွားမလို့လဲ နတ်ဆိုးကြီးရဲ့ ကျွန်တော့်အနားမှာပဲ ရှိ...ရှိနေမှာဆို "

" ကတိမတည်တဲ့ကိုယ့်ကို မေ့ပြစ်ပေးပါ ကိုယ်တောင်းပန်ပါတယ် "

" နတ်..နတ်ဆိုးကြီး မသွားပါနဲ့ ကျွန်တော် ရူး..ရူးသွားလိမ့်မယ် "

အလန့်တကြားအော်မိပြီး နိုးလာတော့မြင်လိုက်ရတာက မျက်နှာကျက်အဖြူရောင်သာ  ။ အိမ်မက်မက်နေတာပဲ ။ မျက်နှာကို စမ်းကြည့်မိတော့ စိုစွတ်နေသော မျက်ရည်စတွေ ။ အိမ်မက်ထဲမှာတောင် ဒီလောက်ခံစားနေရရင် တစ်ကယ့်လက်တွေ့သာဆို ကျွန်တော်သေသွားနိုင်သည် ။

" ထွက်သွားတဲ့သူထက် ကျန်ရစ်ခဲ့တဲ့သူက ပိုနာကျင်တယ်ဆိုတာ ခင်ဗျားနားလည်အောင် ဘယ်လိုပြောရမလဲ‌ဗျာ "

ကျွန်တော့်လက်ချောင်းလေးတွေအား ဆုပ်ကိုင်ထားသော နတ်ဆိုးကြီးရဲ့ မျက်နှာနုနု‌
ကိုခပ်ဖွဖွ အနမ်းပေး၍ပြောလိုက်ခြင်းပင် ။ ကျွန်တော်သေသွားခဲ့ရင်တောင် ခင်ဗျားကတော့ လှလှပပလေးတည်ရှိနေမှဖြစ်မယ် ။ ဒါ ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်အဖြူရောင် အတ္တလေးတစ်ခု ။

ဆက်အိပ်၍မရနိုင်တော့တာကြောင့် တစ်ယောက်တည်းရှိနိုင်မဲ့ နေရာကိုသာထွက်လာခဲ့သည် ။ ည ဆယ့်နှစ်နာရီကျော်ပြီဖြစ်တာမို့ လေစိမ်းတွေတိုက်နေမှာသိသည် ။ သို့သော် အနွေးထည် ခပ်ပါးပါးသာ၀တ်ဖြစ်ခဲ့သည် ။

ဆေးရုံခေါင်မိုးထပ်ရောက်တော့ ထင်ထားသည့်အတိုင်း အဆက်မပြတ်တိုက်ခတ်နေသော လေထု ။ လက်နှစ်ဖက်အား ဖြန့်ကြဲကာထိုအထိအတွေ့ကို ခံစားနေမိသည် ။

ကောင်းကင်ပေါ်မှာ ရှိနေတဲ့ကြယ်တာရာတွေ ။ ဆိုးလ်လမ်းမကြီးပေါ်မှာ ထွန်းလင်းနေတဲ့ မီးအိမ်လေးတွေ ။ အရာအားလုံးက သူ့နေရာနှင့်သူ ပြည့်စုံပြီး လှပနေဆဲ ။

" ကျွန်တော်တို့နှစ်ယောက်နဲ့ဆန့်ကျင်ဘက်ပဲနော် "

ခဏတစ်ဖြုတ်၀င်လာတဲ့အတွေးကြောင့် ကျွန်တော်ရီမိလိုက်သည် ။ နာကျင်စရာကောင်းနေမှန်းသိရက်နဲ့ပင် ရီလိုက်မိသော ကျွန်တော်သည် ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်တော့ ။

Little's Poem [ SUNGJAKE ]Where stories live. Discover now