Part ( 17 )

241 36 2
                                    

#Unicode

ရုံးရောက်တော့ အားလုံးကအရင်အတိုင်းပင်။ နွေးနွေးထွေးထွေးကြိုဆိုကြတုန်း ။ တစ်ခဏတာအတွေးကြောင့် အလုပ်ထွက်မယ်ပြောခဲ့ပေမဲ့ ဝါသနာပါတဲ့အလုပ်လေးဖြစ်တဲ့အပြင် အများကြီးကြိုးစားခဲ့ရတာမို့ လွယ်လွယ်နဲ့မစွန့်လွှတ်နိုင် ။

" ဂျယ်ယွန်းနီး အေးအေးဆေးဆေးလုပ်နော် အရမ်းကြီးstress မများနဲ့တော်ကြာ မူးလဲသွားရင် Hyung ပဲရင်ကျိုးရမှာ "

" ရင်ကျိုးရင် ပြန်ဆက်လိုက်ပေါ့ boss ရယ် "

ဂျွန်းဆော့ Hyungရဲ့စကားကို လက်ထောက်ကောင်လေးကစနောက်ပြီးပြန်ပြောသည် ။ တော်ပါသေးရဲ့ ။ လူနာတစ်ယောက်လိုမဟုတ်ပဲပေါ့ပေါ့ပါးပါးဆက်ဆံပေးကြလို့ ။

မဟုတ်ရင် ကျွန်တော်လည်း၀န်လေးရတယ်မလား ။

.
.
.

ရုံးရောက်ကတည်းကတစ်မနက်လုံးထိုင်ရာက မထပဲ အလုပ်လုပ်နေတာမို့ ထမင်းစားချိန်တောင် မေ့သွားမိပြီ  ။ နာရီကြည့်လိုက်တော့ တစ်နာရီခွဲ ။

ဟူး...ဒီနေ့လည်း အချိန်လွန်မှထမင်းစားမိပြန်ပြီ ။

" ဂျယ်ယွန်းနီး "

" ဟင်...ဂျွန်းဆော့ Hyung ဒီမှာဘာလုပ်နေတာလဲ ထမင်းသွားမစားဖူးလား နောက်ကျနေပြီလေ "

" Hyungကိုပဲပြောမနေနဲ့ ဂျယ်ယွန်းနီးလည်းမစားရသေးဖူးမလား "

" ဘယ်လိုလုပ်သိနေတာလဲ ကျွန်တော့်ကိုလိုက်ချောင်းနေတာမလား "

" မဟုတ်..ဟုတ်ပါဖူး ချောင်းစရာလား "

" အယ် ကျွန်တော်ကိုစလိုက်တာကို ဘာလို့စကားတွေထစ်နေရတာလဲဗျ hee"

" ဒီကောင်လေးကတော့ လူကြီးကို...ကဲလာပါ ဂျယ်ယွန်းနီးကြိုက်တဲ့ ကင်မ်ချီထမင်းကျော်ထားတယ် "

" အာ ကျေးဇူးနော်Hyung ။ ကောင်းကောင်းစားပါ့မယ် "

အပြင်မှာသွားစားမယ်လို့ စဉ်းစားထားပေမဲ့ Hyung ကို အားနာတာမို့ မငြင်းချင်တော့ ။

" အဟွတ်...ဟွတ် ရေ ရေပေးပါ "

တစ်လုတ်ပဲ မြည်းကြည့်တာတောင် စပ်လိုက်တာဆိုတာ လူကပူထူသွားတာပဲ ။ ဒါကြီးကိုဘယ်လိုများကုန်အောင်စားရမလဲ ။

Little's Poem [ SUNGJAKE ]Where stories live. Discover now