Part ( 2 )

796 101 20
                                    

" ကျွတ်..ကျွတ် ခေါင်းကိုက်လိုက်တာကွာ "

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ မျက်နှာကျက်အဖြူရောင် ။ ဘေးပတ်လည်ကိုအကြည့်ရောက်မိတော့

" အော်...ဒါငါ့အခန်းပဲ "

ခပ်ပေါ့ပေါ့လေးတွေးပြီးပြန်အိပ်မယ်အလုပ် မှတ်ညဏ်ထဲ၀င်လာတဲ့ပုံရိပ်တွေ ။ သူမနေ့ညကမူးပြီးဟန်မြစ်ဘေးမှာရှိနေခဲ့တာမလား ။ ဘယ်လိုဖြစ်ပြီးအိမ်ပြန်ရောက်နေတာလဲ ။

သေချာပြန်စဉ်းစားကြည့်တော့ အတွေးထဲမှာ ပေါ်လာတဲ့တစ်စုံတစ်ယောက် ။ ဘယ်သူလဲ ။ ဘယ်မှာ‌တွေ့ခဲ့လဲဆိုတာ မသိပေမဲ့ ရင်းနှီးနေသလိုလို ။ သေချာတာတော့ ထိုသူမှာ ဆံပင် အပြာရောင်နုနုလေးတွေရှိသည် ။

" ဒီတိုင်းလမ်းမှာတွေ့ခဲ့တဲ့သူဖြစ်မှာပါလေ လျှောက်တွေးမနေနဲ့ ရှင်းဂျယ်ယွန်း!! မင်းရေးထားတဲ့ ၀တ္ထုထဲက ဇာတ်ကောင်ဆန်းတွေ လောကကြီးမှာရှိနေတာမှမဟုတ်တာ "

သဘာ၀လွန်အကြောင်းတွေကိုရေးတဲ့ စာရေးဆရာတစ်ယောက်ပီပီ အတွေးလွန်တတ်တာလည်း ကိုယ့်ကိုကိုယ်သိနေတာမို့ ပေါက်ကရ အတွေးတွေကို ရပ်တန်းကရပ်ပစ်ပြီး သန့်ရှင်းရေးလုပ်ဖို့ပြင်ဆင်ခဲ့တယ် ။ သောက်ထားတဲ့အရှိန်ကြောင့် ငြီးစီစီ နဲ့ နေလို့မကောင်း ။

မနက်စာကိုတော့ဖြစ်သလိုစားလိုက်တယ်လေ။ နောက် ၅ လနေရင်သေရ‌တော့မဲ့သူမလား? ထွေထွေထူးထူးဂရုစိုက်နေစရာမလို ။ မနက်စာစားလို့အပြီး စာရေးမယ်ပြင်နေတုန်း အတွေးထဲပေါ်လာတဲ့ထိုသူ ။

" ဘာလို့ သူ့အကြောင်းပဲ ခဏခဏတွေးမိနေရတာလဲ စိတ်ရှုပ်စရာကောင်းလိုက်တာ ထွက်သွားစမ်း ဘာမဟုတ်တဲ့အတွေးတွေ "

တီ...တီ....တီ....

" အမလေး လန့်လိုက်တာ မနက်စောစောစီးစီးဘယ်သူဖုန်းဆက်တာလဲကွ "

" ဟိတ်ကောင် မင်းကလည်းကွာဖြေးဖြေးပြောပါ ငါနားမလေးသေးပါဖူး "

" အော်Jay..Sorry ကွာ ငါအတွေးလွန်ပြီးလန့်သွားလို့ "

" ပြောစမ်း မင်း ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲ မဟုတ်မှလွဲရော မင်းမှာချစ်သူရှိနေပြီလား ဟိတ်ကောင် လျှိမထားနဲ့နော် "

Little's Poem [ SUNGJAKE ]Where stories live. Discover now