Part ( 8 )

353 62 41
                                    

     ~ လှလှပပ ဖြစ်တည်နေတဲ့ အရာလေးတွေကိုမြင်ရတာ ကျွန်တော့်ကို နာကျင်စေသည် ~

" ဂျယ်ယွန်းလေးရေ ကိုယ်အဆင်သင့်ဖြစ်ပြီ "

" ဟုတ် ကျွန်တော်လည်းပြီးတော့မယ် "

မိဘမဲ့ကျောင်းသွားရန် အကျီရွေးနေတာ နာရီ၀က်ခန့်ရှိပြီ ။ ခုချိန်ထိဘာ၀တ်ရမှန်းမသိသေး ။ အခေါက်ပေါင်းများစွာသွားခဲ့တဲ့ မိဘကျောင်းကို ဒီနေ့ကြမှ ပိုပြီးရင်ခုန်နေသလိုလို။

" တော်ပြီ တော်ပြီ ဒါလေးပဲ၀တ်သွားတော့မယ် "

၀တ်နေကြပုံစံဖြစ်တဲ့ Sweater ခရမ်းရောင်လေးနဲ့ အောက်ကကော်လံပါတဲ့ Shirt အဖြူရောင်ကိုသာ၀တ်လိုက်လေသည် ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးပြီး နောက်ဆုံး မှန်မပါတဲ့မျက်မှန်လေးတစ်လက်ကို တွဲဖက်၀တ်ဆင်လိုက်သည် ။

" နတ်ဆိုးကြီးရေ သွားရအောင် "

ကျွန်တော့်အခန်းရှေ့၌ ရပ်စောင့်နေသော နတ်ဆိုးကြီး ။ အစိမ်းရောင်Coat ၊ အဖြူရောင်T-shirt နဲ့ Style pants တို့ကို တွဲဖက်၀တ်ဆင်ထားသည့် နတ်ဆိုးကြီးမှာ ပြိုလဲချင်မိလောက်အောင် ဆွဲဆောင်မှုရှိသည် ။

စတွေ့တုန်းက ဆံပင်အပြာရောင်နုနုလေးတွေအစား အခုပြန်ပြောင်းလိုက်တဲ့ အနက်ရောင်ဆံပင်လေးတွေက သူနဲ့ပိုပြီးလိုက်ဖက်နေသယောင် ။ ဖြောင့်စင်းနေတဲ့နှာတံပေါ်က မှည့်နက်လေးကတော့ ရင်ခုန်သံမြန်စေတဲ့ အကြောင်းရင်းလေးတစ်ခု ။

" ဂျယ်ယွန်းလေး သွားမယ်လေ အောက်မှာ မင်းသူငယ်ချင်းတွေရောက်နေပြီ "

နတ်ဆိုးကြီးကိုငေး‌နေတာဘယ်လောက်ကြာသွားလဲမသိလိုက် ။ ကျွန်တော့်အားစကားလာပြောမှအသိစိတ်ကပ်လေသည်။

" အင်း အင်း သွားကြမယ်  "

မိဘ‌မဲ့ကျောင်းသွားမယ်ပြောလိုက်တော့ သူငယ်ချင်းတွေကပါ လိုက်ချင်သည်တဲ့လေ ။ အဲ့တာကြောင့် နှစ်ယောက်တည်းသွားရန်ပြင်ထားသည့်ခရီးကို သူတို့နှင့်အတူ သွားလိုက်ရတော့သည် ။

" ဂျယ်ယွန်း သူကဘယ်သူလဲ "

" ငါမိတ်ဆတ်ပေးဖို့မေ့နေတာ သူကငါ့ရဲ့.... "

Little's Poem [ SUNGJAKE ]Where stories live. Discover now