Part ( 14 )

349 50 28
                                    

" What!!! နှစ်ယောက်အတူတူအိပ်ရမှာလား "

နတ်ဆိုးကြီးနဲ့စကား‌ပြောပြီး အခန်းထဲကို ရောက်လာ‌တော့ သွေးတက်စရာမြင်ကွင်းတစ်ခု ။ နှစ်ယောက်အိပ်အခန်းလို့ပြောပေမဲ့ ကုတင်ကတော့ တစ်လုံးတည်းသာရှိသည် ။ ပတ်ဂျုံဆောင်းတို့ကတော့ အရောက်ပို့ပြန်ပြီကွာ ။

" ဘာဖြစ်လို့လဲ ဂျယ်ယွန်းလေးရ ဆေးရုံမှာလည်း အတူတူအိပ်ခဲ့ကြတာပဲကို "

ဟာ ဒီနတ်ဆိုးကြီး.... ရှက်ပါတယ်ဆို သူကတစ်မျိုး ။ ဆေးရုံမှာတုန်းက ဘယ်လိုစိတ်မျိုးနဲ့အတူ အိပ်မယ်လို့ပြောခဲ့ရတာလဲ တစ်ကယ်ပါပဲ ။

" ဒါမဲ့.... "

" ဒါမဲ့တွေ ဘာတွေလုပ်မနေနဲ့တော့ ကိုယ်မင်းကို ကိုက်စားမှာမှ မဟုတ်တာ "

" ခင်ဗျား... "

နှုတ်ခမ်းတစ်ထော်ထော်နဲ့ ရန်တွေ့နေတဲ့ ဒီကလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ။ ဆူထွက်နေတဲ့ နှုတ်ခမ်းလေးကို လက်မနှင့် လက်ညိုးအသုံးပြုပြီး ခပ်ဖွဖွပိတ်လိုက်တော့ ဝူးဝူးဝါးဝါးနဲ့ ဘာတွေပြောနေမှန်းမသိ ။

" ကဲတော်ပြီ ထပ်ပြောရင် အဲ့နှုတ်ခမ်းလေးတွေကို ကိုက်ပစ်မိမယ်ထင်တယ် "

ဂျယ်ယွန်းငယ်ကို စိတ်ဆိုးအောင်စနောက်ရတာ ပတ်ဆောင်းဟွန်းအတွက် တစ်နေ့တာအလုပ်တစ်ခုလိုပင်။ အကြောင်းအရင်းကတော့ အသည်းခိုက်အောင် ချစ်လွန်းလို့ပါသတဲ့ ။

" ဟင် ကိုက်ပစ်မှာ.... "

ဒီတိုင်းပြောလိုက်တာကို အရူးလေးကတစ်ကယ်ထင်သွားသည်နှင့်တူသည် ။ အဲ့လ်ိုဆိုတော့လည်း.....

" အင်း ဟုတ်တယ် ပေါက်ပြဲသွားအောင် ကိုက်ပစ်မှာ "

ပြောလည်းပြော အရှေ့ကိုတစ်လှမ်းချင်းတိုးသွားတာမို့ အကောင်ပေါက်လေးမှာ နံရံနှင့် ‌ကျောပြင်တစ်သားတည်းဖြစ်သွားလေသည် ။

" ကိုယ့်ကိုကြောက်နေတာလား "

ခပ်ထေ့ထေ့ အပြုံးနှင့် မေးလာသော နတ်ဆိုးကြီး‌ကြောင့် ခြေဖျားလက်ဖျားတွေပါ အေးစက်လာရသည် ။ ဒီအခြေအနေကြီးကို ဘယ်လိုကျော်လွှားရမလဲ ....

Little's Poem [ SUNGJAKE ]Donde viven las historias. Descúbrelo ahora