Part ( 4 )

554 85 46
                                    

#Unicode

~ မင်းက ကိုယ့်ရဲ့ အကြောင်းရင်းမဲ့ ချွင်းချက်လေးမို့ မင်းဘာလုပ်လုပ် ကိုယ်သဘောကျတယ် ~

တစ်အိမ်တည်းအတူနေကြပေမဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အရင်အတိုင်းသာရှိသည် ။ မေးထူး ခေါ်ပြော အဆင့်လောက်သာ ။

ခုဆိုလည်း Sofa ပေါ်မှာ အခန့်သားထိုင်ပြီး TV ကိုစိတ်၀င်တစားကြည့်နေလေရဲ့ ။ နေစမ်းပါဦး ငါ့အိမ်မှာနေပြီး ငါ့ကိုသတိမထားမိလောက်အောင် ဘာတွေများကြည့်နေရတာလဲ။

လတ်စသတ်တော့ Cartoon ကား ကြည့်နေတာကို ။ လူကသာအေးစက်စက်နိုင်တဲ့ နတ်ဆိုးကြီးဖြစ်နေတာ ကာတွန်းကားတော့ ရှယ်ကြိုက် ။ တစ်ခါတစ်လေ သူနဲ့ TV ပြိုင်လုရတာ အမော။

" နတ်ဆိုးကြီး ခင်ဗျား ဒါပဲကြည့်နေတော့မှာလား "

အသံမာမာနဲ့မေးလိုက်တော့ ကျွန်တော့်ဘက်လှည့်လာသောထိုသူ ။

" ကိုယ်က ဒါမကြည့်တော့ ဘာလုပ်ပေးရမှာလဲ မင်းနဲ့ ကစားပေးရမှာလား "

" ကစားမယ် ??? ဘာတိုင်းကစားကြမလဲဟင် "

" ရည်းစားလုပ်တိုင်းကစားမယ်လေ မင်းက ကိုယ့်ကို ကိုကိုလို့ခေါ် ကိုယ်က မင်းကို ကလေးလို့ ခေါ်မယ် "

" ဒီနတ်ဆိုးကြီး ကျွန်တော်က အကောင်းမှတ်လို့နားထောင်နေတာ "

" ဟားဟား ကိုယ်က စတာပါ ကဲပြော ကိုယ်ဘာလုပ်ပေးရမလဲ "

" ကျွန်တော်တို့စကားပြောရအောင် နတ်ဆိုးကြီး အကြောင်း ကျွန်တော် ဘာမှမသိသေးဖူးလေ နော် "

Puppy eyes လေးနဲ့ တောင်းဆိုလာသော ကောင်လေးငယ်၏ စကားကို မငြင်းဖြစ် ။ထို ကောင်လေးနဲ့ပတ်သတ်လာရင် ကျွန်တော်ဟာသိပ်ပျော့ညံ့လွန်းတယ် ။

" အင်း ဟုတ်ပါပြီ ကိုယ့်အကြောင်းဘာတွေသိချင်လဲ ကောင်လေးငယ်က "

" ခင်ဗျားရဲ့ နာမည် နတ်ဆိုးဖြစ်လာရတဲ့ အကြောင်းအရင်း ပြီးတော့ .... အကုန်ပဲ နတ်ဆိုးကြီးနဲ့ပတ်သတ်တာမှန်သမျှ အကုန်သိချင်မိတယ် "

" ကိုယ့်မှာ နာမည်မရှိဖူး ကောင်လေးငယ်ရ မွေးဖွားလာကတည်းက နတ်ဆိုးဆိုပြီးခေါ်နေကြတာ ပြီးတော့ နတ်ဆိုး တစ်ကောင် ဖြစ်လာတာကလည်း လူတစ်ယောက်ကြောင့်တဲ့ ကိုယ်လည်းအဲ့ထိပဲသိတယ်ကောင်လေးငယ် ဒါတောင် နတ်ဘောင်လောကရဲ့အကြီးအကဲတွေပြောပြခဲ့လို့ "

Little's Poem [ SUNGJAKE ]Where stories live. Discover now