Part ( 3 )

731 100 48
                                    

~ မင်းကတော့ကိုယ့်နာမည်ကို မသိကျေးကျွန်ပြုပြီးခေါ်ခဲ့ပေမယ့်ကိုယ်ကတော့ မင်းတစ်ယောက်တည်းကိုကြည့်ပြီး မိုက်ရူးရဲဆန်ရတော့မယ်ထင်ပါရဲ့ ကောင်လေးငယ်ရယ် ~

" ခင်...ခင်ဗျားဘယ်သူလဲ "

ကြောက်ကြောက်ရွံရွံမေးလိုက်ပြီးထိုသူ့ဆီအကြည့်ရောက်မိတော့ပုံရိပ်ယောင်ထဲ၌ရင်းနှီးနေသည့်ထိုသူ ။ တစ်နည်းအားဖြင့် ဆံပင် အပြာရောင်နုနုလေးတွေရှိတဲ့ သူ ။

" ဖြေ...ဖြေလေ ။ ဘာကိစ္စကျွန်တော့်နောက်လိုက်နေရတာလဲ ။ ခါးပိုက်နှိက်လား ။ အာ့ဆိုရင်တော့ ခင်ဗျား ပြန်လှည့်လိုက်တာကောင်းမယ် ။ ကျွန်တော့မှာတစ်ပြားမှမပါဖူးဗျ "

စကားတွေစွတ်ပြောနေသည့်လူသားလေးအားအသည်းယားသောကြောင့် ပြုံးမိလိုက်လားမသိလိုက် ။ ထိုကောင်လေးရဲ့ခပ်စွာစွာ အသံလေးထွက်လာလေသည် ။

" ဘာလို့ပြုံးလိုက်တာလဲ ။ မဟုတ်မှ ကျွန်တော့ကို တစ်ခုခုလုပ်မလို့လား ။ ရဲတိုင်လိုက်မှာနော် ဖြေ ခင်ဗျားဘယ်သူလဲလို့!!! "

" ကိုယ်လား ကိုယ်ကမင်းအလိုရှိနေတဲ့သူ ။ မင်းခေါ်လိုက်တဲ့ သူလေ "

" ကျွန်တော်ခင်ဗျားကိုသိလည်းမသိဖူး ။ခေါ်လဲမခေါ်ခဲ့ဖူး ။ မဟုတ်တာတွေ လာမပြောနဲ့ဗျာ "

" မင်းကမမှတ်မိဖူးဆိုတော့လည်း မှတ်မိအောင် လုပ်ပေးရတာပေါ့ "

ဂျယ်ယွန်းရဲ့ခါးလေးကိုဆွဲဖက်လိုက်သည် ။ အခုအနေအထားမှာ သူတို့နှစ်ယောက်ကြား လေဝင်​လေထွက်မရှိလောက်တဲ့ထိ နီးကပ်နေသည် ။ ဂျယ်ယွန်း၏ မျက်၀န်းများအားစိုက်ကြည့်ပြီး

" စဉ်းစား ကိုယ်ဘယ်သူလဲဆိုတာရအောင်စဉ်းစားကောင်လေး မရမချင်းမင်းကို ကိုယ်မလွှတ်ပေးနိုင်ဖူး "

" ခင်ဗျား...ကျွန်တော့်ကိုခုချက်ချင်းလွှတ်နော် လွှတ်လို့ပြောနေတယ်လေ!!! "

ဂျယ်ယွန်းတစ်ယောက်ရုန်းနေသော်လည်း အင်အားမမျှသောကြောင့် လက်လျှော့ပြီး Memoryကို recallပြန်လုပ်ရသည် ။ တစ်စိတ် ထိုသူသည် ဟန်မြစ်၌ ကျွန်တော်ခေါ်ခဲ့သည့် နတ်ဆိုးကြီးများဖြစ်နေမလား ။

Little's Poem [ SUNGJAKE ]Donde viven las historias. Descúbrelo ahora