2

429 69 2
                                    

"စာအုပ်ထုတ်လေ ... စာသင်မှာမဟုတ်လား?

"သင်မှာပေါ့ !!!
ရောက်တာနဲ့ မျက်နှာလေးတောင်မကြည့်ရတော့ဘူးလား?

"ငါ့မျက်နှာက စာရှိလို့လားပြော ...

"စာမရှိပေမယ့်စာထက်စိတ်၀င်စားစရာကောင်းတယ်...ဟဟ

Sahi တစ်ယောက်စိတ်‌လေစွာခေါင်းခါရင်း စာအုပ်တွေဆွဲယူလိုက်သည်။ ဒီကောင်လေးနဲ့ စကားနာအပြိုင်ထိုးနေလို့ ဒီနေ့အတွက် ခရီးရောက်တော့မှာမဟုတ်
Haruကတော့ Sahiလှုပ်ရှားပုံမှန်သမျှ မေးထောက်ကာကြည့်နေဆဲပင် ။

"မင်းစာမသင်ဘဲ ဆက်ကြည့်နေရင် အန်တီ့ကို ပြောပြီး မသင်ပေးဘဲနေလိုက်မှာ

"ဘယ်သူက မသင်ဘူးပြောလို့လဲ?
ကျောင်းပြီးတဲ့အထိတောင် ထိုင်ပြီးသင်နေလိုက်ချင်သေး

"အာ့ဆို လျှာမရှည်ဘဲ Chapterဘယ်ကစရမှာလဲပြော

"Chapter 3

....
Watanabeတိူ့အိမ်က အိမ်အကူအဒေါ်ကြီးလဲရှိတာမို့အဖော်ရအောင် သူတို့အိမ်မှာပဲ စာလိုက်သင်ပေးဖြစ်သည်။Haruက စာလိုက်နိုင်သည်။တစ်ခါတလေ ဂျစ်တိုက်ပြီးဂိမ်းဆော့နေတာကလွဲရင် အဆင်ပြေသည်။
Sahi ကို စ တတ်တာကလွဲရင် ရည်ရွယ်ချက်ကြီးကြီးနဲ့ စာလုပ်နေသည့်ပုံပင်။ နောက်ဆုံးRutoက Watanabe Companyရဲ့ သခင်လေးဖြစ်လာမှာမို့ ဒီကောင်လေးရဲ့အနာဂတ်ကတော့ လင်းလက်တောက်ပနေပေမယ့် ကျန်ခဲ့မည့်သူက Sahi သာ ။
သာမန် မိသားစုလေးက ပေါက်ဖွားလာခဲ့တာမို့ သာမာန်ဘ၀ကို ဖြတ်သန်းရမည်လို့ ရေးထားသည့် စာအုပ်ကြီးအတိုင်း ...

*******

"အခုတလော အဖေ့မျက်နှာတွေကြည့်ရတာ နည်းနည်းလောက် ဖောင်းနေတဲ့ပုံပဲ

"ဟုတ်တယ်...မင်း ပါးပါးက မသောက်နဲ့‌ဆိုလဲ မရဘူး ....

"ပါးက အကျင့်ပါသွားပြီ‌ဆိုတော့
တားရင် ကိုယ်တွေပဲငရဲကြီးပါဦးမယ်...‌မားကပဲ ဂရစိုက်ပေးလိူက်ပါ‌ဦး

"အင်းပါ။ မားဂရုစိုက်ပေးပါ့မယ်
သားလဲ မနက် သင်တန်းသွားရမယ်မလား
စောစောအိပ်တော့

"ဟုတ်....မား

Sahi Rutoရဲ့ အိမ်စာစစ်ဖို့စာအုပ်တစ်ချို့ကို လက်နဲ့ပွေ့သယ်လိုက်ရင်း အခန်းထဲသို့ ၀င်လာလိုက်သည်။

Come To Me [Haruto×Asahi]Where stories live. Discover now